Benner

Tuesday 26 March 2013

System Requirement for Auto CAD Softwares


အခုဆိုလျှင် အော်တိုကဒ် ၂၀၁၄ ပင် ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အော်တိုကဒ်နှင့် ပတ်သက်ပြီး လေ့လာနေသူများ၊ အလုပ်လုပ်နေသူများအတွက် အောက်ပါ လိပ်စာများတွင် အော်တိုကဒ်ကို နောက်ဆုံးထွက် ဗားရှင်းအထိ ဖရီး (Student)ဖြင့် အသုံးပြုနိုင်ပါတယ်။ ဆော့ဝဲလ်ပိုင်းဆိုင်ရာတွေ မြင့်လာသည်နှင့်အမျှ စက်ပိုင်းက ဟတ်ဝဲလ်ပိုင်းဆိုင် လိုအပ်ချက်တွေလည်း သိကြတဲ့အတိုင်းပဲ များများလာခဲ့ပါတယ်။
https://students.autodesk.com/?nd=download_center&ptid=39 
 အထက်က စာမျက်နှာတွင် အော်တိုကဒ်ကို ဖရီး ဒေါင်းနိုင်ပါတယ်။ ပထမဦးစွာ ကျောင်းသားတစ်ယောက် (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) အနေနဲ့ ရီဂျစ်စတာ လုပ်လိုက်ပါ။ ပြီးလျှင် သင့်စက်ရဲ့ (OS 32 or 64) ကိုရွေးပြီးလျှင် နှစ်သက်ရာ ဗားရှင်းကို ဒေါင်းနိုင်ပါတယ်။ လေ့လာနေတဲ့ လူတစ်ယောက်အနေနဲ့ အော်တိုကဒ်ကုမ္မဏီမှ ပို့ချတဲ့ သင်ခန်းစာများကို အီးဘုတ်ဖြင့် ဖြစ်စေ၊ ဗွီဒီယိုကို ကြည့်ပြီးတော့ ဖြစ်စေ လေ့လာနိုင်ပါတယ်။ လေ့လာမည်ဆိုပါက အောက်က လင့်ကို နှိပ်ပြီး ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။ မိမိသုံးတဲ့ စက်မှာ အင်တာနက် ဒေါင်းလုပ်မန်နေဂျာ ထည့်ထားပါက ဒေါင်းထားပြီး အော့လိုင်းဖြင့် မိမိအိမ်မှာ ပြန်ဖွင့်ပြီးလည်း လေ့လာနိုင်ပါတယ်။ http://students.autodesk.com/?nd=learning_center
 အဆင်ပြေပါစေ။
အော်တိုကဒ်ပိုင်းဆိုင်ရာ System Requirement တွေကိုလည်း အောက်မှာ ရေးလိုက်ပါတယ်။

   

Wondershare DVD Slideshow Builder Deluxe



 ကွန်ပြူတာအကြောင်းကို အများကြီး သိစရာမလိုပါဘူး။ ဓာတ်ပုံတွေကို မိမိနှစ်သက်ရာ သီချင်းနဲ့ ဆလိုက်ရှိုး လှလှပပ လုပ်လို့ ရပါတယ်။ တော်တော်လေးကို မိုက်တယ်လို့ ပြောချင်ပါတယ်။ ပြီးလျှင် မိမိနှစ်သက်ရာ ဖော်မက်ဖြင့် သိမ်းနိုင်ပါတယ်။ နုတ်ပက်နဲ့ ကီးဖိုင်ကို ထည့်ပေးထားတယ်။

အသုံးဝင်တဲ့ ဆော့ဝဲလ်၊ ထာဝရ သိမ်းထားသင့်တဲ့ ဆော့ဝဲလ်


ဒီဆော့ဝဲလ်လေးကတော့ လူတိုင်း ဖရီး သုံးချင်တဲ့လူတိုင်း သိမ်းထားသင့်ပါတယ်။ ဒီလောက်တောင် ပြောနေရတာ ဘာလဲဆိုတော့ကား....
Windows Vista
Windows 7
Windows 7 Thin PC
Windows 8
Windows Sever 2008
Windows Sever 2012
Microsoft office 2010 
စသည်တို့ကို အတီဗိတ်လုပ်ပေးပါတယ်။


Monday 25 March 2013

BlackTrack 5 ခေါ် အင်တာနက် ခိုးယူအသုံးပြုနည်းစာအုပ်

အခုဟာကတော့ စာအုပ်တစ်အုပ်ပါ။ အရှင်းဆုံး ပြောရလျှင်တော့ အင်္ဂလိပ်လို ရေးထားတဲ့ ဝါယာလက်အင်တာနက် ကော်နက်ရှင်ကို ခိုးယူအသုံးပြုပုံ ပြုနည်းကို အခြေခံမှ ရှင်းပြထားတာပါ။ ဒီစာအုပ်ကို ဖတ်ကြည့်ပြီး သင်ကိုယ်တိုင် ရိုင်းရိုင်းပြောရလျှင်တော့ ခိုးသုံးနိုင်ပါတယ်။ ဒီစာအုပ်ကို ရေးတဲ့လူကတော့ Vivek Ramachandran ဆိုတဲ့ လူဖြစ်ပြီး အင်တာနက်ဆိုင်ရာ လုံခြုံရေးအတွက် ၂၀၀၃ ခုနှစ်မှ စတင်လေ့လာစမ်းစစ်ပြီး စာတမ်းပြုစုခဲ့တာလို့ ဆိုပါတယ်။ ဆော့ဝဲလ်ကတော့ ဖိုင်ဆိုဒ် နည်းနည်းကြီးပါတယ်။ တစ်ခုပြောချင်တာက ခိုးလို့ သက်ဆိုင်ရာက မိသွားမယ်ဆိုရင်တော့ ထောင်နန်းစံရကိန်းလည်း ရှိပါတယ်။ ဆော့ဝဲလ်ကို ဒေါင်းလုပ်..လုပ်တဲ့ နေရာမှာလည်း ထိုကဲ့သို့ ရေးထားတာကို တွေ့ရပါတယ်။
BlackTrack 5 Software ကို ဒေါင်းလိုပါက



မဒေါင်းခင်မှာ ရီဂျစ်စတာ လုပ်ရပါတယ်။ ဘာမှ မခက်ခဲပါဘူး။ ဆော့ဝဲကိုဒေါင်းပြီး အင်စတောလုပ်၊ စာအုပ် အညွန်းအတိုင်း လုပ်ကြည့်လျှင် သူများပတ်စဝပ်ကို သင်မြင်လာရပါလိမ့်မယ်။ စင်္ကာပူ ဥပဒေအရဆိုလျှင် ထောင် ၈ နှစ်အထိ ချပစ်တယ်လို့ ဖတ်ဖူးပါတယ်။ ကျနော်တို့နိုင်ငံမှာတော့ တိတိပပ မသိပါဘူး။ အသုံးပြုပုံ စာအုပ်ကို ဒေါင်းလုပ်လုပ်လိုက အောက်ပါလင့်ကို နှိပ်ပါ။


Sunday 24 March 2013

ဘဝအမောပြေပျောက်စေသော ဟာသလေးများ


ဆရာဝန်၏ ဆေးခန်းတွင် ဖြစ်သည်၊
ဆရာဝန်က လူနာကို မေးသည်။
"အရက်သောက် သလား"
"မသောက်ပါဘူး"
"ဆေးလိပ်ကော သောက်သလား"
"ဟင့်အင်း"
"ဖဲကစား သလား"
"၀ါသနာ မပါဘူး"
"မိန်းမ လိုက်စားသလား"
"ဝေးဝေး ရှောင်ပါတယ်"
"ဒါဖြင့်ရင် ခင်ဗျားဆီမှာ ဘာအကျင့်ဆိုးမှ မရှိဘူးပေါ့"
"တစ်ခုတော့ရှိပါတယ်"
"ဘာလည်း"
"လိမ်တတ်တဲ့ အကျင့်ပါ"
XXXXXXXXXXXXXXXXXX

အားလပ်ရက်တစ်ရက်တွင် လူတစ်ယောက် ရေကန်တခုသို့ ငါးလာမျှားသည်.။
အရက်ပုလင်းကိုဖွင့် အရက်ငဲ့ပြီး ငါးစမျှားသည်.။ သိပ်မကြာခင်မှာပဲ ငါးမျှားတံလှုပ်လာသည်နှင့်
ဆွဲတင်ရာ ငါးသလဲထိုးတစ်ကောင်မိနေသည်ကိုတွေ့ရသည် .။ ငါးမျှားသမားလည်း စိတ်ပျက်လက်ပျက်နှင့်ဆွဲဖြုတ်ရာ
 လက်မှလျှော်ထွက်သွားပြီး အရက်ခွက်ထဲသို့ပြုတ်ကျသွားသည်။ အရက်ခွက်ထဲမှ ဆည်ပြီးပြန်လွတ်ပေးလိုက်သည်.။
ထို့နောက်ငါးထပ်မျှားသည် ..။ နောက်ထပ်မျှားရာတွင် ငါးကြင်းများ ၊ ကကက်တစ်များ ၊ ငါးသလောက်များ ၊
တစ်ကောင်ပြိးတစ်ကောင်မိလေသည်.။ ငါးမျှားသမားလည်း ညနေလည်းစောင်းသောအခါ ငါးများစွာမိပြီးပြန်သွားလေသည်.။
 ငါးမျှားသမားပြန်သွားသောအခါ ရေအောက်တွင် ...ငါးသလဲထိုးအားဝိုင်းပြီး...ကျန်ငါးများက...
" *!##@$@@ ငါးသလဲထိုး ငါတို့ကိုလိမ်ပြောတယ် အရက်တိုက်တယ် ပီးပြန်လွတ်တယ်ဆို.. "...လို့ပြောကြလေသတဲ့..
XXXXXXXXXXXXXXXX

မုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် နှင့် ကျွန်တော်တို့ ဘဝများ


ဘ၀မှာ တခါတလေ သီချင်းလေးတစ်ပုဒ်၊ စာလေးတစ်ကြောင်း ဖတ်မိလို့ စိတ်ထဲမှာ အပြောင်းအလဲ ဖြစ်သွားတတ်တာတွေရှိပါတယ်။ စိတ်အတွေး အမြင်လေးတွေ ပြောင်းသွားတာ၊ အသိဉာဏ်ထဲမှာ ရုတ်တရတ်လင်းသွားတာမျိုးပေါ့။ ကျွန်တော်လဲ ဒီလိုပါပဲ။ စာအုပ်လေးတစ်အုပ်ထဲက ဒီမုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် ဆိုတာလေး ဖတ်မိပြီး ကိုယ့်ကိုကိုယ်ပြန်မြင်လာမိပါတယ်။ သူ့စာလေးက ဒီလိုဆိုထားပါတယ်။
လူတစ်ယောက်က သူလုပ်သမျှ ဘာမှ အဆင်မပြေလို့ ဘ၀ကိုစိတ်ပျက်ပြီး သူ့ဖခင်ရှေ့မှာလာပြီးငိုကြွေးပါတယ်။ သူ့ဖခင်က သူ့ကိုဘာမှမပြောဘဲ မီးဖိုချောင်ထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့မှ ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲကို မုန်လာဥရယ်၊ ကြက်ဥတစ်လုံးရယ်၊ လ္ဘက်ခြောက်ရယ် ထည့်လိုက်တယ်။ ခဏနေတော့မှ အိုးထဲက ဒီသုံးခုကို ဆယ်ယူလိုက်တယ်။ ပြီးတော့ သူက ဘာပြောသလဲဆိုတော့ မုန်လာဥက သူ့ကိုကြည့်လိုက်ရင်

အမျိုးသားနှင့် အမျိုးသမီး ကွာခြားချက်



၁။ အမျိုးသား တစ်ဦးဟာ ၁ ဒေါ်လာတန် အတွက် ၂ ဒေါ်လာ ပေးကောင်းပေးပါလိမ့်မယ်။ အမျိုးသမီး ကတော့ ၂ ဒေါ်လာ အတွက် ၁ ဒေါ်လာသာ ပေးပါလိမ့်မယ်။

၂။ အမျိုးသမီး ဟာ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် တွေးပူးပြီး အမျိုးသားများကတော့ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် ဘာမှ တွေးမပူပါဘူး။

၃။ အောင်မြင်သော ယောင်္ကျားဆိုတော မယားဖြစ်သူ သုံးစွဲရန် ငွေ အလုံလောက် ရှာဖွေပေးနိုင်သူ ဖြစ်ပြီး အောင်မြင်သော အမျိုးသမီးကတော့ ယင်းကဲ့သို့ ယောင်္ကျားကို ရှာဖွေယူထားနိုင်သူ ဖြစ် ပါတယ်။

၎။ အမျိုးသားတစ်ယောက်နဲ့ ပျော်ရွှင်မှု တစ်ခု တည်ဆောက်မယ်ဆိုရင် သူ့ကို အများကြီးချစ်ဖို့ထက် အများကြီး နာလည်ပေးနိုင်မှုက ပိုလိုအပ်ပါ တယ်။ အမျိုးသမီး တစ်ဦးနဲ့ ပျော်ရွှင်ဖို့ဆိုရင်တော့ အများကြီးချစ်ဖို့သာ ပိုလိုအပ်ပါတယ်။

၅။ အိမ်ထောင်ရှင် အမျိုးသားများဟာ လူပျိုကြီးများထက် အသက်ပိုရှည် ပါတယ်။ သို့ပေမယ့် အိမ်ထောင်ရှင်အမျိုးသားများဟာ လူပျိုတွေထက် အသက်မရှည်ဖို့ ဆန္ဒပိုရှိကြပါတယ်။

Wednesday 20 March 2013

Google SketchUp Pro 8 Portable



အော်တိုကဒ်ကဲ့သို့ 3 D ပုံများကို ဆွဲနိုင်ပါတယ်။


Firefox Ultimate Optmizer

ကျနော်တို့ သုံးနေကြတဲ့ Mozilla Firefox ကို ဒေါင်းရာမှာသော်လည်းကောင်း၊ ဖွင့်ရာ ပိတ်ရာတွင်သော်လည်းကောင်း ပိုမို မြန်ဆန်စေလိုသော အလို့ငှာ အသုံးပြုပါတယ်။

SpeedConnect.Internet.Accelerator.8.0

အင်တာနက် အသုံးပြုရာတွင် အင်တာနက် စပိကို အမြင့်ဆုံးအထိ မြင့်တင် အသုံးပြုရာမှာ သုံးပါတယ်။


ဂျာမန်စာနဲ့ ဂျာမန်စကားကို လေ့လာလိုသူများအတွက်




အောက်ကလင့်မှာ ဒေါင်းလုပ် ရယူပြီး ဖိုင်ကို ဖြည်လိုက်ပါ။ အပေါ်ဆုံးတွင် တွေ့ရသော_Start Folder ထဲမှာ Icon ကို နှိပ်ပြီး စသုံးနိုင်ပါပြီ။ Animation လှုပ်ရှားမှု့ပုံများနှင့် တွေ့ရမည်ဖြစ်ပြီး ပြောဆို ဆက်ဆံတဲ့ စာလုံးများကိုလည်း မြင်တွေ့နိုင်ပါတယ်။

အင်တာနက် ဒေါင်းလုပ်မန်နေဂျာ လင့်များ

အင်တာနက် ဒေါင်းလုပ် မန်နေဂျာ လင့်များ သေနေလို့ ယခင် ဒေါင်းလုပ် လင့်များ ဒေါင်းလို့ မရနိုင်ပါ။
အောက်ပါ လင့်များကို နှိပ်ပြီး ဒေါင်းယူပါ။ အခုနောက်ဆုံးထွက် ၆.၄ ကိုလည်း တင်ထားပါတယ်။ သုံးရတာ သိပ်ပြီး အဆင်မပြေပါ။ ၄င်းနှင့် စာလျှင် ၆.၂ ကတော့ ကျနော့်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
နှစ်ခုစလုံးကို တင်ထားပါတယ်။
၆.၇ကို ဒေါင်းရန်..
၆.၄ကို ဒေါင်းရန်...
၆.၂ကို ဒေါင်းရန်..

၁။ အင်တာနက် ဒေါင်းလုပ် မန်နေဂျာကို အင်စတော ဦးစွာ လုပ်လိုက်ပါ။ ပြီးလျှင် ပတ်ခ် ဖိုင်ကို ကော်ပီးကူးပြီး
၂။ အင်စတောလုပ်ထားရာ နေရာတွင် ပေ့စ် လုပ်ပါ။  ၄င်းဖိုင်ကို ဖွင့်လိုက်ပါ။ လိုအပ်တဲ့ အမည်ကို သာဂိ၊ အောင်ဘု တစ်ခုခု ပေးပါ။
၃။ ပြီးလျှင် နှစ်သက်ရာကို ဒေါင်းနိုင်ပါပြီ။ ဒေါင်းလုပ် မန်နေဂျာအနေဖြင့် ကွန်ပြူတာ စဖွင့်လျှင် ဖွင့်ချင်း ဗားရှင်း အသစ်ထွက်နေပါပြီ။ အဲဒါကို ယူမလားဆိုတဲ့ နေရာမှာ ရက်စ်ကို နှိပ်လိုက်ပါက သင်ထည့်ထားတာဟာ အတုကြီးဆိုတာကို သိသွားပြီး ဆက်လက်ဒေါင်းခွင့် ပေးမည် မဟုတ်သလို.. ၄င်း မန်နေဂျာကို ထုတ်ပစ်ပါမှ မည်သည့်အရာမဆို ဒေါင်းနိုင်ပါမယ်။
အထက်ပါအတိုင်း လုပ်ဆောင်၍ အဆင်မပြေပါက မီးခြစ်သာ ဝယ်လိုက်ပါလို့ အကြံပေးလိုက်ပါတယ်။

Wednesday 13 March 2013

ဖရီးစကားပြောရာတွင် အသုံးပြုသော apk files များ




ကျနော့် အသိတစ်ယောက်အတွက် တင်ပေးထားတာပါ။ လိုအပ်လျှင် ဒေါင်းယူပါ။ Fring, Free PP, Talk to, eBuddy, Viber

Monday 11 March 2013

သူတောင်းစားတစ်ယောက်၏ ဗျူဟာ

ဖတ်ကြည့်ပြီးတော့ သင်ကိုယ်တိုင်တောင် သူတောင်းစားဖြစ်ချင်စိတ် ပေါက်လာမလား မသိဘူးဗျ။
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။ Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။
အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."
ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောပိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။

Android ဖုန်းများကို ပြုပြင်မွန်းမံခြင်း နည်းမျိုးစုံ စာအုပ်

Android ဖုန်းတွေကို ကျနော်တို့ ဘယ်လို Root လုပ်ကြမယ် ဆိုတာနဲ့ သိထားသင့်တဲ့ အကြောင်းအရာတော်တော်များများကို ရေးသားထားတာ တွေ့ရပါတယ်။ သာမာန်လေ့လာသူတစ်ယောက်အနေနှင့် မိမိဘာသာ ၄င်းစာအုပ်ကို ဖတ်ပြီး လုပ်ကြည့်လျှင် အဆင်ပြေနိုင်ပါတယ်။ မြန်မာလို ရေးထားတဲ့ စာအုပ်ပါ။ လိုအပ်ပါက  ဒေါင်းလုပ် ရယူပါ။