နည်းပညာနှင့် ပတ်သက်ပြီး လေ့လာသင့်တဲ့ ဆိုဒ်တွေ၊ ကျနော် သွားနေကျ ဆိုဒ်တွေ ဖတ်နေကြ နေရာတွေကို အများသူငှာတို့လည်း သွားရောက်ဖတ်ရှု့ လေ့လာလိုသော စိတ်ဆန္ဒဖြင့် ရေးလိုက်ပါတယ်။ ကွန်ပြူတာ နည်းပညာ ဆော့ဝဲလ်တွေ၊ ဖြစ်နေတဲ့ ပြဿနာတွေကို မြန်မာဆန်ဆန် မြန်မာလိုရေးပြီး မေးနိုင်တောင်းနိုင်တာကတော့ www.mmitd.com ပဲ ဖြစ်ပါတယ်။ ဘယ်ဆော့ဝဲလ်ရဲ့ ကီးလေးကို မစပါ။ Patch file, Keygen လေး မစပါ စသည်ဖြင့် အများသူငှာတွေလည်း မေးထားတာကို တွေ့ကြရပါလိမ့်မယ်။ မြန်မာ့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလို့ ခေါင်းစဉ်တပ်ပြီး အခမဲ့ ကူညီနေပါတယ်။ လူပေါင်းအစုံ၊ လုံးဝ မသိတဲ့လူရော၊ တော်တော်လေး သိတဲ့လူရော၊ ကီးအရှာရခက်တဲ့ လူတွေရော မေးထား၊ ဖြေထားကြပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Comments, Questions တွေ မေးချင်ရင်တော့ ကိုယ်ပိုင် အကောင့်တစ်ခု လုပ်ဖို့ ပြောလိုပါတယ်။
အထက်က ဆိုဒ်ထက် နည်းနည်းလေး ပိုပြီး မြင့်တာကတော့ (ကျနော့် အမြင်) http://mysteryzillion.org/ ပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ အဆင့်မြင့်ပိုင်းဆိုင်ရာတွေ တော်တော်များများကို မေးမြန်း ဆွေးနွေးထားကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ လုံးဝ သိသင့်သိထိုက်တာလေးတွေကို မေးပါက ပြန်လည် ဖြေကြားလိုစိတ် ရှိကြဟန်မတူပါဘူး။ အကြောင်းအရာ တော်တော်များများကို ဆွေးနွေးထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ အထက်က ဆိုဒ် နှစ်ခုလုံးဟာ ဇော်ဂျီ ကို မသုံးဘဲ မြန်မာ၃ ကိုပဲ သုံးပြီး ထားပါတယ်။ ထို့ကြောင့် သင်မေးလိုသော မေးခွန်းဟာ အီးလို မေးလျှင် ပြဿနာ မရှိပေမဲ့ ဇော်ဂျီနဲ့တော့ မေးခွင့် မရှိပါဘူး။ အဲဒါအတွက်လည်း စိတ်မပူပါနှင့် ၄င်းဆိုင်ရာဆိုဒ်တွေမှာ ဇော်ဂျီ- မြန်မာ၃ ကွန်ဗတ်တာ ထည့်ပေးထားပါတယ်။
နောက်ထပ်..နောက်ထပ်တွေအနေနဲ့ကတော့ http://www.myanmartutorials.com/,