လူတော်တော်များများ ကွန်ပြူတာကို မကျွမ်းကျင်သူအများစု ကြုံတွေ့နေရသော ပြဿနာပါ။ အမေးအများဆုံး မေးခွန်းလည်း ဖြစ်ပါတယ်။ ဂျီတော့မှာ မြန်မာဖောင့် ဇော်ဂျီကို တင်ပြီးနေပြီ။ သူများရေးလျှင် ကိုယ်မြင်ရတယ်။ ကိုယ်ရေးနေတဲ့ အချိန်မှာ ကိုယ်ရေးနေတဲ့ စာတွေက အကွက်အကွက်တွေ ဖြစ်နေတယ်။ အင်းတားကို ခေါက်လိုက်မှ မြင်ရတယ်။ တချို့က ကိုယ်ရေးနေတဲ့ အချိန်မှာ သေသေချာချာမြင်ရတယ်။ အင်းတားခေါက်လိုက်တာရော၊ သူများရေးပို့လိုက်တာရော လုံးဝ မမြင်ရတော့ဘူး။ အဲဒီပြဿနာကို အလွယ်ဆုံးအနေနဲ့ ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး အောက်ပါ အချက်များကို တဆင့်ချင်း လိုက်လုပ်ကြည့်ပါ။ တစ်ခုမဟုတ် တစ်ခုနဲ့ အဆင်ပြေပါလိမ့်မယ်။
၁။ ဇော်ဂျီဖောင့်၊ ဇော်ဂျီကီးဘုတ်ကို ဒီနေရာမှာ သွားရောက် ဒေါင်းလုပ် ရယူပါ။

ပြန်စစ်ကြည့်ပါဦး အဆင်မပြေသေးဘူးလား။ အဆင်မပြေသေးလျှင် အောက်ပါအတိုင်း ထပ်လုပ်ကြည့်ပါ။
Control Panel ထဲကိုသွားပါ။ Internet Option ကိုနှိပ်ပါ။ ပွင့်လာလျှင် ဖောင့်ဆိုသော တက်ကိုရွေးနှိပ်ပြီး ဇော်ဂျီဝမ်းသို့ ချိန်းလိုက်ပါ။ အိုကေနှင့် ပြန်ထွက်ပါ။ နောက်တစ်ခုက အောက်ပါ ကုဒ်များကို ကူး ကော်ပီလုပ်ပြီး Notepad ထဲတွင် ie.bat အမည်ဖြင့် My Computer>C ထဲတွင် Save လုပ်ပါ။
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
အဆင်ပြေပါလိမ့်မယ်။ နောက်တစ်ခုက ကွန်ပြူတာ၏ Desktop ပေါ်ရှိ အိုင်ကွန်များ၊ ဖိုင်များ၊ ဖိုဒါများကို မြန်မာလို မမြင်ရခြင်းပါ။
ထိုအခြေအနေမျိုးကို ကြုံတွေ့ရပါက....
Desktop ပေါ်တွင် R Click > Personalize ကိုသွားပါ။ Window Color> ၄င်းနေရာတွင် တခုချင်းဆီ (Icon, Tooltip, Title bar ..etc)ကို နှိပ်ပြီး ဇော်ဂျီဖောင့်သို့ ပြောင်းပေးပါ။ အဆင်ပြေပါလိမ့်မယ်။
နောက်တစ်ခုက Google Crome ကိုသုံးပြီး မြန်မာလို ဇော်ဂျီနဲ့ ရေးထားသည်များအား ဖတ်မရပါက...
Google Crome ၏ Setting ကိုသွားပါ။ အများအားဖြင့် ဂွပုံလေးနှင့် ညာဖက်တွင် တွေ့ရပါမယ်။ ထိုနောက်...Setting ထဲကိုသွားပါ။
Under the Hood ထဲကိုသွားပါ။ Web Content တွင် Customize Font ကိုနှိပ်ပြီး ဇော်ဂျီ..ဇော်ဂျီ ချိန်းပေးလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။
သို့သော်..အချို့ အချို့သော ဆိုဒ်တချို့ကို မြန်မာလို ဖတ်ရာတွင် ကိုးယိုကားယား ပေါ်နေပါဦးမည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းဆိုဒ်များအနေနှင့် ဇော်ဂျီ ယူနီကုဒ်ကို သုံးပြီး မရေးသောကြောင့်ဖြစ်ပါတယ်။ ထိုအခြေအနေမျိုးအတွက် Mozilla Firefox ကသာ ကူညီဖတ်ပေးနိုင်ပါလိမ့်မယ်။ အဲ..အဲဒီမှာလည်း မြန်မာလို ဖတ်မရဘူးဆိုရင်တော့ မော်ဇီလာ ဖိုင်းယားဖောက်၏ မီနူးဘား...Tool> Option>Content တွင် ထုံးစံအတိုင်း Default fount နေရာတွင် ကိုရင်ဇော်ဂျီကို ပြောင်းပေးလိုက်ပါ။ အားလုံးအဆင်ပြေပါပြီ။
အဆင်မပြေဘူးဆိုလျှင်တော့ မီးခြစ်တစ်လုံးသာ သွားဝယ်လိုက်ပါ။
No comments:
Post a Comment