ကွန်ပြူတာတစ်ခုလုံးကို ဝယ်ပြီးမှ ကောင်းကောင်း ပျားတုပ်ခဲ့တဲ့ ပြသနာပါ။ ရောက်နေတဲ့ နိုင်ငံရဲ့ ဘာသာစကားပေါ်မူတည်ပြီး ကွန်ပြူတာ Windows Language ကလည်း ဒီနိုင်ငံရဲ့ ဘာသာစကား၊ စာ ဖြစ်နေပါတယ်။ ဆိုဒ်တော်တော်များများပေါ်ကို တက်ပြီး အကူအညီတောင်းခဲ့ပေမဲ့ ဘယ်သူမှ တိတိပပ မပြောခဲ့၊ အကြောင်းမပြန်ခဲ့ကြပါဘူး။
Antivirus ကို Disable or Pause Protection ကလည်း ဘယ်လိုလုပ်ရမှန်း မသိတော့ ဖရီးရတဲ့ဆော့ဝဲတွေကိုလည်း တင်လို့မရဘူး။ သူတို့ဘာသာစကားဖြစ်နေတော့ တော်တော်ကွိုင်ပါတယ်။ အခုတော့ အဆင်ပြေသွားပါပြီ။
လူကြီးမင်းအနေနဲ့ ပြောင်းချင်တဲ့ ဘာသာစကားကို ပြောင်းနိုင်ပါပြီ။ ထိုင်းကနေ အင်္ဂလိပ်ကိုလား။ မလေးကနေ အီးကိုလား။ အီးကနေ မလေးကိုလား။
1. ပထမဆုံးလုပ်ရမှာကတော့ အင်တာနက်မှ Vistalizator ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလိုက်ဗျာ။ Google ကနေပြီး အဲဒီစာတန်းကို ရိုက်ရှာလိုက်ရင် Microsoft က အလကားဒေါင်းလုပ်ခွင့်ပေးထားပါတယ်။ အဲဒါဒေါင်းပြီးရင်
2. လူကြီးမင်း ပြောင်းချင်တဲ့ Language ကို အစော ပိုင်းက Vistalizator ကို ဒေါင်းတဲ့နေရာထဲကပဲ ရွေးချယ်လိုက်ပါ။ Windows XP, Vista, Se7en {32 Bit, 64 Bit} အစုံရှိပါတယ်။ ကိုယ့်ဝင်းဒိုးနဲ့ အဆင်ပြေမဲ့ဟာကို ရွေးပြီး ဒေါင်းလိုက်ပါ။ English Language ကို ပြောင်းမယ်ဆိုရင် ဖိုင်ဆိုဒ်ကတော့ ၁၄၉ MB ရှိပါတယ်။ ကိုယ်ပြောင်းချင်တဲ့ဘာသာစကားပေါ်မူတည်ပြီး ဖိုင်ဆိုဒ်ကတော့ ကွဲသွားပါမယ်။ ပြီးသွားရင်
3. Vistalizator ကို Run လိုက်ပါ။ လက်ရှိ ခင်ဗျားသုံးနေတဲ့ ဝင်းဒိုးရဲ့ Properties ကို အတိအကျပြောပါလိမ့်မယ်။ အောက်ကပုံကို ကြည့်ပါ။
ကျနော့ပုံကတော့ ပြောင်းထားပြီးသားဖြစ်နေပါတယ်။
Add Language ဆိုတာကို နှိပ်ပြီး Yes,,,Yes,,Go on....
4. လူကြီးမင်းရဲ့စက်ကို Restart လုပ်ပါလိမ့်မယ်။ ပြန်တက်လာရင်တော့ ခင်ဗျားလိုချင်တဲ့ ဘာသာစကားနဲ့ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ။ မရှင်းပါက မေးနိုင်ပါတယ်။

No comments:
Post a Comment