ကျွန်တော်အရင်က တကယ်မသိခဲ့ဘူးဗျ။ အချို့အချို့သော ဆော့ဝဲလ်တွေကို အာရှအတွက်၊ ဥရောပအတွက်၊ အာဖရိကအတွက် ဆိုပြီးခွဲထားတယ်လို့။ အခု ကျွန်တော်ရောက်နေတဲ့ နိုင်ငံကိုလည်း ရောက်ရော ပြသနာ တက်တော့တာပါပဲ။ အရင်က ကိုယ့်ဆိုဒ်မှာ တင်ထားတာတွေကို ဒီနိုင်ငံရောက်ပြီး စမ်းသုံးကြည့်တော့ အလုပ်မလုပ်ဘူးဗျာ။ ကီးတွေကို ထည့်ကြည့်တော့လည်း Invalid ချည်းပဲ ပြောနေတယ်။
ဘယ်ကီးကိုမှ သုံးလို့ မရဘူး။ အသိတွေ သူငယ်ချင်းတွေကို လှမ်းမေးတယ်။ နာမည်ကြီး မြန်မာပြည်က ဆိုဒ်တချို့ဆီက တောင်းတယ်။ သူတို့ပေးပါတယ်။ ထည့်ကြည့်တော့ ထုံးစံအတိုင်း Invalid ပါပဲ။ ဒါနဲ့ Google ကနေပြီး ကီးရှာလိုက်တယ်။ အဆင်ပြေ ချောမွေ့စွာနဲ့ ရပါတယ်။ ထည့်လိုက်တော့ Invalid တော့မဖြစ်ပါဘူး။ ဆော့ဝဲကို Locked ကျသွားပါတော့တယ်။ ဖွင့်လို့မရတော့ဘူးဖြစ်သွားတယ်။
ဆိုင်မှာ အဲဒီဆော့ဝဲလ်ကို သွားမေးတော့ ယူရို ၄၅တဲ့။ လေသွားပါတယ်။ ကိုယ့်ဆီမှာ အလကားလို ရတာကိုးဗျ။ သူတို့နိုင်ငံတွေမှာ ထားတဲ့ Copy Right ပဲဖြစ်ပါလိမ့်မယ်။ အဲဒီအချက်တွေကိုကြည့်ပြီး မြန်မာပြည်မှာဘဲ ကျွန်တော် ပျော်ပါတယ်။

No comments:
Post a Comment