Benner

Tuesday, 27 March 2012

ထင်ရှားသော အမည်များ


           စတာကတော့ Adobe Indesign ကနေပြီး စလိုက်တာပါ။ လွန်ခဲ့တဲ့ အပတ်ထဲက ကျနော့်အသိတစ်ယောက်က အဒိုဘီဆိုတာဘာလဲ။ သူ့မှာ သီးခြား အဓိပ်ပါယ် ရှိသလားလို့ မေးတာနဲ့ပတ်သက်ပြီး ပြောဖြစ်တော့ အဒိုဘီဆိုတာဟာ ဒီဆော့ဝဲကို တည်ထောင်သူ San Joes  
ရဲ့ မွေးရပ်ရွာဘေးမှာ ရှိတဲ့ ချောင်းကလေးရဲ့ နာမည်လို့ သိရပါတယ်။ သူဟာ အဲဒီ သူ့ရဲ့ မွေးရပ်ဖြစ်တဲ့ ချောင်းကလေးကို အစွဲပြုပြီး သူတီထွင်တဲ့ ဆော့ဝဲကို အဒိုဘီလို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။
        နောက်ဆက်ပြီး ပြောဖြစ်ကြတာက တိဘက်နဲ့ နီပေါနိုင်ငံနားမှာ ရှိတဲ့ အမြင့်ဆုံး ဧဝရတ်တောင်ပါ။ ဧဝရတ်တောင်ရဲ့ မူရင်းအမည်ကတော့ Tibetan: ཇོ་མོ་གླང་མ, Chomolungma[4][5][6] or Qomolangma/ˈtʃoʊmoʊˌlɑːŋmə/ CHOH-moh-LAHNG-mə,[6][7] "Holy Mother"
တိဘက်လို ချိုမိုလွန်မား (သို့) ကွီမိုလွန်မားလို့ ခေါ်တယ်လို့ တိဘက်က လာတဲ့ အသိက ပြောပါတယ်။  တိဘက်ဘာသာအရ ကြက်သရေအပေါင်းနှင့် ပြည့်စုံသော အမေလို့ အဓိပ်ပါယ် ရပါတယ်။ သို့သော် နောက်ပိုင်းတွင် အင်္ဂလန်မှ Mr George Everest ဆိုသူဟာ အဲဒီတောင်ပေါ်ကို ပထမဆုံးအနေနဲ့ တက်ရောက်နိုင်ခဲ့ပြီး ထိုတောင်ကို Everest မြန်မာလို ဧဝရတ်လို့ ပြောကြပါတယ်။
         နောက်တစ်ခုကတော့ အော်စကာဆိုတဲ့ အမည်အကြောင်းပါ။ ရုပ်ရှင်လောကအတွက် ရည်ရွယ်ပြီး ဆုတစ်ခုခုကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူအတွက် ရည်ရွယ်ပြီး ရုပ်ထုတစ်ခုကို ထုလုပ်ကြပါတယ်။ ၄င်းရုပ်ထုကို ထုလုပ်ပြီးသော်လည်း ရုပ်ရှင် အစည်းအရုံးရှိ အရာရှိများက အမည်ပေးရန်အတွက် ရုပ်ထုကို အများရှေ့တွင် တင်ပြလိုက်ရာ အစည်းအရုံး၏ အတွင်းရေးမှူးမ Margaret Herrick မှ ထိုရုပ်ထုအားကြည့်ပြီး အံ့သြစွာဖြင့် ဦးလေး အော်စကာနဲ့ တူလိုက်တာလို့ ခပ်ကျယ်ကျယ်လေး ရေရွတ်လိုက်တာက စပြီး ထိုစည်းဝေးနေသော လူများအားလုံးက ထိုအမည် အော်စကာအား သဘောကျကာ အော်စကာလို့ အမည်ပေးခဲ့ကြောင်း သိရပါတယ်။ ထိုအမည်ကို ပိုင်ရှင်မှာ ရုပ်ရှင် မင်းသမီးကြီး Bette Davis ၏ ပထမဆုံးသော ယောက်ျား အမည်လို့လည်း ပြောကြပါတယ်။
         Ref: from http://en.wikipedia.org/wiki/Wikipedia

No comments: