ကျွန်တော် Internet ကိုသုံးလာခဲ့သည်မှာ ယခုလက်ရှိအချိန်ထိဆိုပါရလျှင် ၆နှစ်လောက်တော့ ရှိပြီထင်သည်။ မိမိကိုကိုယ် ကျွမ်းကျင်အဆင့်ဟုတော့ ယခုတိုင် မယူဆနိုင်သေးပါ။ သို့သော် ကျွန်တော့လောက် သုံးစွဲလေ့မရှိသေးသူများကိုတော့ နည်းနည်းတော့ ကျွန်တော့ရဲ့ အသုံးပြုပုံ တစ်ချို့ကို ပြော ပြချင်ပါတယ်။ တခါတရံ ကိုယ်အိမ်မှာကို မော်ဒန်နှင့် တခါတရံ ဆိုင်မှာ။ ထားတော့။
စသုံးပြီဆိုလျှင် မိမိမေးကို စစ်မည်။ သွားရောက်ပြီး ဗဟုသုတ အလို့ငှာ ဖတ်လေ့ရှိသော ဆိုဒ်များကို Google Reader တွင် Subscription လုပ်ထားသည်။ ၄င်း၏ အကျိုးဆက်မှာ အချိန်ကုန်
အရမ်းနည်းသွားပြီ။ မိမိသွားရောက်ဖတ်လေ့ရှိသော ဆိုဒ်များက အသစ်တင်သမျှကို မိမိ Account Reader တွင် ပို့ထားပေးလေ့ရှိသည်။ ရောက်ရှိလာသော ပို့စ်အသစ်များကို ဖတ်ရုံသာ။ မိမိဖတ်လေ့ရှိသော ဆိုဒ်လိပ်စာကို ကော်ပီကူးပါ။ Add Subscription တွင် Paste လုပ်ပါ။ ကျွန်တော်ထားသည်မှာ .com ကိုသာ ရပါသည်။ .net, .org တို့ကို Support မလုပ်ပါ။
အချိန်ချို့တဲ့ခြင်းများကို ရှောင်ဝေးနိုင်ကြပါစေ။
No comments:
Post a Comment