Benner

Thursday, 29 August 2013

ကွန်ပြူတာ၊ အင်တာနက်၊ ဆော့ဝလ်၊ ဟတ်ဝဲလ် စသည့် နည်းပညာ စာအုပ်များ

အောက်ဖော်ပြပါ စာအုပ်များသည် ဆရာဦးဇော်လင်း၏ Youth Computer သင်တန်းမှ လက်ချာအနေဖြင့် ပို့ချထားသော စကားပြောဆန်ဆန်ရေးထားတာတွေလို့ ကျနော် ထင်ပါတယ်။ http://www.onlineictreader.com/home/ebooks/articles/ စာမျက်နှာမှ ကြိုက်နှစ်သက်သည်များကို ဒေါင်းယူ ဖော်ပြပါသည်။

3D နှင့် ပတ်သက်သော ဗဟုသုတ

3D Video Card အကြောင်း
      
ADSL  (Asymetric Digital Subscriber Line) အကြောင်း သိကောင်းစရာများ 

DDR3 အကြောင်း

DDR3 Memory

DDR3 SD RAM

Dual Core & Core 2 Duo တို့ကြားက ကွာခြားချက်

Fiber Cable အကြောင်း

Folder Lock အကြောင်း
           ဒီဆော့ဝဲလ်လေးကို ဘယ်လိုအသုံးဝင်တယ်။ ဘယ်လို သုံးရတယ်ဆိုတာကို အကျယ်တဝင့်ရှင်းပြထားတာပါ။ မဖတ်ဘဲ ကိုယ့်ဘာသာလုပ်ရင်လည်း အဆင်ပြေမှာပါ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။

Google Documents
         အခုရှာကြည့်တော့ Google Service မှာ မရှိတော့ပါဘူး။ တင်ပြီးသားမို့...

Information Software
           အခုဟာလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဆော့ဝဲလ်လေး တစ်ခုအကြောင်းကို ဘယ်လိုသုံးရတယ်ဆိုတာကို ရှင်းပြထားတာပါ။ စစ်စတမ်တွေ ဘယ်လိုကြည့်ရတယ် ဘာညာပေါ့။ Run Box ကနေပြီး dxdiag ဆိုပြီး ရိုက်ထည့်လျှင်လည်း ပြီးပါတယ်။

LAN Internet Network
           ဖတ်သင့်ပါတယ်။

Laptop အကြောင်း
              သိပြီးသား အကြောင်းအရာတွေက များနေပါလိမ့်မယ်။ ဒေါင်းချင်ဒေါင်း မဒေါင်းချင်နေပေါ့နော်။

Laptop တစ်လုံး ဝယ်တော့မယ်ဆိုလျှင်
           ဖတ်သင့်ပါတယ်။ သူများလာမေးရင်လည်း တော်တော်များများ ဖောလို့ ရတာပေါ့ဗျာ။ ကျနော်က ဘာအတွက် သုံးဖို့ ဝယ်ချင်တာပါလို့ ပြောလာရင် ရေရေလည်လည် ရွှီးနိုင်တာပေါ့။

လက်ပတော့က ပြဿနာများကို ဖြေရှင်းခြင်း
          ဘယ်လိုဖြစ်လာရင် ဘယ်လိုလုပ်ရမယ်။ ဘာကတော့ ဖြစ်နိုင်တယ် စသည်ဖြင့် ဖြစ်လေ့ဖြစ်ထရှိသည်များကို ရေးထားပါတယ်။ အော်.. ဂလိုလား။ ဒါဆိုရင်တော့ ဒါကြောင့်ပဲ ဖြစ်ရမယ်ဆိုတာတွေကို ရေးထားပါတယ်။ ထိထိရောက်ရောက်တော့ မရှိပါ။ အင်းပေါ့..လက်ပတော့တစ်လုံးကို ပုံထဲကအတိုင်း ဖြုတ်ဖို့တပ်ဖို့ ဆိုရင်တော့ စာမျက်နှာ ၇ မျက်နှာလောက်နှင့် မလုံလောက်နိုင်ပါ။ ဒါပေမဲ့ ဖတ်ထားရင်တော့ အကောင်းဆုံးပေါ့ စာမျက်နှာက နည်းနည်းလေးပါပဲ။

Sunday, 25 August 2013

ဖေ့စဘုတ်တွင် ကိုယ့်သူငယ်ချင်းများကို တပါးသူတို့ မမြင်ရလေအောင် ပြုလုပ်ခြင်း

အောက်ပါ ပုံများကို ကြည့်ပြီး တသွေမတိမ်းလုပ်ဆောင်ပါ။ ပြီးသွားလျှင်...ကိုယ်နဲ့ မသိသူတစ်ယောက်က ကိုယ့်ရဲ့ ပရိုဖိုင်ကို ကြည့်လျှင် သူငယ်ချင်းပေါင်း ၄၉၉၉ ယောက်ရှိနေတယ်လို့ တွေ့ရသော်ငြားလည်း ကိုယ့်သူငယ်ချင်းများကို ထိုလူဟာ မတွေ့မြင်နိုင်ပါ။ ခင်ဗျားရဲ့ သူငယ်ချင်းစာရင်းကို မမြင်ရနိုင်ပါ။
ဒါပေမဲ့ ထိုလူရဲ့ Mutual Friends များကိုတော့ တွေ့မြင်ရပါလိမ့်မယ်။ Mutual Friends ဆိုတာကတော့ ကိုယ့်သူငယ်ချင်းတွေထဲက သူနဲ့ သူငယ်ချင်းဖြစ်နေတာကို ခေါ်ပါတယ်။



Wednesday, 21 August 2013

ထူးထူးခြားခြား ဗဟုသုတများ


ဖေ့စဘုတ်မှာ တွေ့ရှိပြီး နှစ်သက်လို့ ပြန်ရှယ်လိုက်ပါတယ်။
(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။

(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

(၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ
စားပွဲတင်သားလှီးဓါးအ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။
ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။

(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ
သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့်
မြို.တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို
သယ်ဆောင်သွားနိုင်သည် … လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ …
သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ ……

Hacking Google EBook


အင်တာနက်မှာ ဂေါ်ဂယ်ကို အသုံးပြုပြီး လိုချင်တာတွေကို ဘယ်လို ရှာဖွေကြမလဲဆိုတာကို အသေးစိတ်နဲ့ ကျနော်တို့ မသိသေးသည်များကို ဆရာဦးမျိုးသူရ ရေးထားတာပါ။ ဖတ်ရှု့လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ပထမတင်ထားသော လင့်မှာ သေနေပါသဖြင့် ထပ်တင်ထားပါတယ်။
ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ။

Friday, 9 August 2013

မိဘဆိုသည်မှာ



- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်းသမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

by..,..Myanma Spectrum

Saturday, 3 August 2013

.apk Games ဖိုင်များ

SuperAntiSpyware + Key (12 Years)


Click here to download SuperAntiSpyware + Key

016-012-6017-Act Code: 2264-dc65-dc28-fe5d

AVG 2013 + Key (12 Years )



လက်တွေ့စမ်းကြည့်မှုအရကတော့ ကီးကတော့ 100 % ပြည့် အလုပ် လုပ်ပါတယ်။.
8MEH-RW2ZU-29S4F-26QCR-WT482-BEMBR-ACED

Friday, 2 August 2013

မပြစ်မှားသင့်သော ခင်ပွန်းကြီး ၁၀ ပါး

   


           မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သောပုဂ္ဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။
ထိုပုဂိုလ်တို့မှာ

(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။

(၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။

(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။

(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။

(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။

(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။

(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။

(၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်။

(၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။

(၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြသည်။

ဤပုဂ္ဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။

Monday, 29 July 2013

"... ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ ..."


ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။

အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

မျက်လှည့် ဆက်ကပ်ပွဲများ၏ လိမ်ညာမှု့များ

           မူလ ကြည့်ခါစမှာတော့ ပါးစပ် အဟောင်းသားနဲ့ ဖြစ်သွားပါလိမ့်မယ်။ ပြီးရင် အဲဒီပြကွက်ဟာ ဘယ်လိုလိမ်သွားတယ်ဆိုတာကိုလည်း ရှင်းပြထားပါတယ်။ အော်.. ဒီလိုလား။ ဒါလေးများဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။ အပိုင်း တစ်ပိုင်းချင်းစီကို ခွဲတင်ထားပါတယ်။ တစ်ပိုင်း ဒေါင်းပြီးရင် တစ်ပိုင်း ကြည့်လို့ ရပါတယ်။
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅


Thursday, 25 July 2013

Snooker 147

ဘိလိယက် စနူကာ ကစားလိုသူများ အောက်မှာ ဒေါင်းယူပါ။ ကစားရတာ သိပ်တော့ မမိုက်ပါ။ ဖိုင်ဆိုဒ်လည်း သေးပါတယ်။ ၁.၁ မီဂါဗိုက်ပဲ ရှိပါတယ်။
သိပ်တော့ ကစားလို့ မကောင်းဘူးနော်။ ဒေါင်းလိုက ဒီမှာ နှိပ်ပြီး ဒေါင်းပါ။

တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ တရားတော်



တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ တရားတော်ပါ။ ဆရာတော်ဟာ ပရိတ်ရွှတ်လျှင် ပရိတ်ရေများ ပွက်ပွက်ဆူလာသောကြောင့် ရေဆူဆရာတော်အဖြစ်လည်း လူသိများပါတယ်။ စိတ်ကို အရမ်းအေးချမ်းစေမည့် တရားတော်ပါ။ လူသားတိုင်း လက်ကိုင်ထားသင့်သည့် မေတ္တာတရားအကြောင်းနှင့် ဆရာတော်ဘုရားကြီး၏ ကိုယ်တွေ့ ဖြစ်ရပ်ဆန်းကြယ်များပါ ထည့်သွင်းဟောထားသည့် တရားတော်ပါ။ ကျွန်တော်ကိုယ်တိုင် အကြိမ်ကြိမ်နာဖြစ်ပါတယ်။ လူသူ အရောက်အပေါက်နည်းသော ချင်းတောင်တန်းဒေသမှာ တစ်ပါးတည်း တောရကျောင်းမှာ သတင်းသုံးရင်း ကျင့်ကြံအားထုတ်စဉ်မှာ တောင်စောင့်နတ်၊ ဝိဇ္ဖာထိုရ်များ ဆရာတော်အား လာရောက်ဖူးမြော်ခြင်း စတဲ့ ဆရာတော်ရဲ့ ကိုယ်တွေ့များကို ထည့်သွင်း ဟောထားပါတယ်။ ဘဝရဲ့ အောင်မြင်မှု့ တစိတ်တဒေသအတွက် အထောက်အကူပြုပြီး စိတ်ဖိစီးမှု့နှင့် စိုးရိမ်ပူပန်မှု့များကိုဤတရားတော်ကြောင့် ငြိမ်းအေးစေပါလိမ့်မယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

"ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်"

Facebook မှာတွေ့ရှိပြီး ကျွန်တော့်လို မသိသေးသူများအတွက် ရည်ရွယ်ပါသည်။
မကြာခင်ရေးသားပြီး တင်တော့မည့် ပဋ္ဌာန်း(၂၄)ပစ္စည်း မြန်မာပြန်အတွက် ရှေးဦးစွာ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမည့် လုပ်ငန်းလေးတွေအကြောင်းကို ရေးသားပြီးအသိပေးမှဖြစ်ပါမှာပါ။ဘာကြောင့်လဲလို့ဆိုတော့ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။


၁။ယနေ့မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။


၂။တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။

Thursday, 11 July 2013

Start Menu for Windows 8


Windows 8 မှာ စတတ်မီနူး မပါလို့ စိတ်ညစ်နေသူများ အောက်ကဖိုင်ကလေးကို ဒေါင်းပြီး အင်စတော လုပ်လိုက်ပါ။ နှစ်သက်ရာပုံနဲ့ ရွေးပြီး စတတ်ခလုပ်ကိုလည်း ထားနိုင်ပါတယ်။
ဒီနေရာကို နှိပ်ပြီး ဒေါင်းယူပါ။

Thursday, 4 July 2013

အရှင်ဇနကာဘိဝံသ၏ တစ်ဘဝ သာသနာ စာအုပ်

လူတိုင်းလိုလို ဖတ်သင့်သော စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒေါင်းယူလိုက  ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

The Best English Audio Learning

နားထောင်မှု့ စွမ်းရည် လေ့ကျင့်ရာတွင် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး၊ ကျွန်တော် အကြိုက်ဆုံးပါ။
စကားပြောဆိုမှု့ အသံဖိုင်အနေနဲ့ ရှင်းလင်းပြတ်သားတယ်။ သဲကွဲစွာ နားထောင်ပြီး သူတို့ ဘာတွေ ပြောကြတယ်ဆိုတာကို မိမိပါ နားလည် သဘောပေါက်အောင် အထိ ရှင်းလင်း တင်ပြထားပါတယ်။ ကျွန်တော် အကြိုက်ဆုံးတစ်ခုပါ။
လိုချင်ရင် ဒီမှာနှိပ်ပြီး ဒေါင်းယူပါ။

English 900 Audio


အသံဖိုင်အနေနဲ့တော့ နားထောင်ရတာ နည်းနည်းတော့ ခေတ်ဟောင်းပုံစံ ပေါက်နေပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာကို လေ့လာသူများအနေနဲ့ English 900 ကို လက်မလွတ်နိုင်ကြသေးတာတော့ ဒီအစီအစဉ်ရဲ့ ထူးခြားချက်ပါ။
အသံဖိုင်များကို ရယူလိုက ဒီမှာ ဒေါင်းယူပါ။ အစအဆုံး အနေဖြင့် ၁၈၆.၇ မီဂါဗိုက် ရှိပါတယ်။

အင်္ဂလိပ်စာ အခြေခံ နှင့် အလည်အလတ် လေ့လာနေသူများအတွက် အကောင်းဆုံး အင်္ဂလိပ်စာ သင်ခန်းစာများ


            မြန်မာနိုင်ငံမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာတွေ သရုပ်ဆောင်၊ စကားပြောမှု့များကို ရိုက်ကူးထားပါတယ်။ လိုပိုမရှိ ကောင်းမွန်ပါတယ်။ Course ကတော့ အမေရိကန်ထုတ်လို့ ထင်ရပါတယ်။ အပိုင်း ငါးပိုင်း ပိုင်းထားပါတယ်။ ဗီဒီယို ဗွီစီဒီများပမာ သရုပ်ဆောင် ထားတဲ့အတွက် နားထောင်ကြည့်ရှု့ လေ့လာရသည်မှာ အလည်အလတ် လေ့လာနေသူများအဖို့ များစွာ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခြေခံသမားများအတွက်ကတော့ နည်းနည်းများ မြင့်နေမလားတော့ မသိပါ။ နိုင်ငံ ရပ်ခြားကို သွားမည့်သူများအဖို့ အများဆုံး ကြုံတွေ့ရမည့်၊ ပြောဆိုရမည့် အခန်းများနှင့် နေ့စဉ် ပြောဆိုနေကြရတဲ့ စကားပြောများ မြောက်များစွာ ပါဝင်ပါတယ်။ ငပိသံ တော်တော်လေးကို အထွက်နည်းတဲ့ မြန်မာနိုင်ငံမှ လူငယ်များ ပါဝင် စကားပြော သရုပ်ဆောင်ထားပါတယ်။ လေ့လာမှု့အတွက် စိတ်ကျေနပ်မှု့ ရပါစေရမည်ဟု အတတ် ပြောရဲပါသည်။ အပိုင်း ၁ ပိုင်းလျှင် ၁၀၃ မီဂါဗိုက်ဖြင့် ပိုင်းထားပါတယ်။ ဆိုဒ်ကြီးတဲ့အတွက် အင်တာနက် ကော်နက်ရှင် ကောင်းသော နေရာများမှသာ ဒေါင်းလို့ အဆင်ပြေပါလိမ့်မယ်။ အပိုင်း ငါးပိုင်းလုံး ဒေါင်းပြီးမှသာ Extract လုပ်ဖို့ ကြိုပြောပါရစေခင်ဗျာ။

အပိုင်း ၁

အပိုင်း ၂

အပိုင်း ၃

အပိုင်း ၎

အပိုင်း ၅

အထက်ပါ ဗွီဒီယို၊ ဗွီစီဒီဖိုင်များကို မလိုပါဘဲ MP 3 အနေဖြင့် သီးသန့်နားထောင် လေ့လာလိုပါက ဒီနေရာမှာ တစ်ပေါင်းတည်း ဒေါင်းယူနိုင်ပါတယ်။ 

Monday, 1 July 2013

Tune Up 2013 Keys


ကြိုက်ရာကိုသာ ရွေးပြီး ထည့်လိုက်တော့ဗျာ။ အဆင်ပြေပါတယ်။
YPK1KM-9ET9JD-7BENCW-1Y24F0-VNC0JT-JT36PJ
THWX63-HTA5NJ-CCXNAV-7FNPRE-336F7Y-6YREX1
T01MM3-8R1ARF-24HQ3E-W2FNNA-RC7FVT-RQAF5J
1T8297-E850TQ-HBFB3T-TPP8HD-1TXPXD-BCYTRF
WEAFP6-MQ679Y-0M2R78-DM47C5-V2417B-T15QH4
XDA73E-99PW00-1TQJPB-5D19H0-BC18YC-TXJ872

Thursday, 27 June 2013

All Windows 8 and Microsoft Office 2013 Activators

Flash Games


Install လုပ်စရာမလိုသော Flash Game အသေးစားလေးများကို စုပေါင်းထားပါတယ်။
နှစ်သက်ရာ ဒေါင်းလုပ် ရယူပါ။
၁။ ဂစ်တာတီး သီချင်းဆိုသော ငှက်ကလေး
၂။ သေနတ်ပစ် ကျွမ်းကျင်လိုသလား
၃။ ခွေးနဲ့ကြောင်
၎။
၅။ အချိန်ပြည့် လူသတ်သမား
၆။ အိုင်ကျူ စစ်ဆေးဖို့။ သင်ဘယ်လောက် ဥာဏ်ကောင်းသလဲ။
၇။ ပင်ဂွင်ပစ်ဖို့
၈။ ပိန်ပေါင် (တေဘဲ တင်းနစ်)
၉။ Who am I?
၁၀။ ဘယ်သူ သေဌေးဖြစ်ချင်သလဲ



Windows 8 (4 in 1 ) + Actavitator



ဝင်းဒိုး ၈ တစ်ခွေကို ပြီးမြောက်အောင် ဒေါင်းလိုက်တာနဲ့ အခွေ လေးခွဲကို ရရှိပါမယ်။ ပြောလိုတာက ၄င်း အခွေ တစ်ခွေထဲမှာ ရွေးခြယ်ခွင့် လေးခု ပေးထားပါတယ်။ Windows 8 Professional (32 & 64), Windows 8 Enterprise (32 & 64).
အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် တင်ထားပါတယ်။ ဘယ်လောက် ကြာမလဲတော့ မသိပါဘူး။ လင့်အဖျက်ခံရနိုင်ပါတယ်။ ဖိုင်ဖော်မက်ကိုတော့ ထုံးစံအတိုင်း ပြောင်းထားပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Kasparov Chess Portable + Crack


Chess Game ကောင်းကောင်း ကစားလိုသူများ အခုဆော့ဝဲလ်ကို ဒေါင်းယူပြီး ကမ္ဘာကျော် ချက်သမား မြောက်များစွာနှင့် အတူ ကတ်စပါးရော့နဲ့ပါ ကစားနိုင်ပါတယ်။ ထိုဆော့ဝဲလ်ကို သုံးပြီး ကစားနည်းပေါင်း များစွာကိုလည်း လေ့လာနိုင်ပါတယ်။ ကမ္ဘာ့ချန်ပီယံတို့ ထိုးခဲ့သော ပွဲတွေကိုလည်း ကြည့်ရှု့နိုင်ပါတယ်။
               ဒီနေရာမှာ ဒေါင်းယူနိုင်ပါတယ်။

Ulead Video Studio + Crack



Video Editing လုပ်လိုသူများ၊ ဓာတ်ပုံများကို ဗွီဒီယို နောက်ခံတေးများနှင့် စုပေါင်း စပ်ပေါင်း လုပ်လိုသူများ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Win Rar Full Version


Win rar ဆိုတာက ဖိုင်များကို ချုံခြင်း၊ ပိုင်းဖြတ်ခြင်း၊ ပြန်လည်း ပေါင်းစည်းခြင်း၊ ချုံ့ထားသည်များကို မူရင်းအတိုင်း ပြန်ရအောင် လုပ်ခြင်း စသည်တို့အတွက် သုံးပါတယ်။ ကွန်ပြူတာထဲမှာ Win rar မရှိလျှင် Win rar files များကို ကျမ်းစာအုပ် အိုင်ကွန်များဖြင့် မမြင်ရနိုင်ပါဘူး။ အခု ကျွန်တော် တင်ထားသည်များက ကီးလည်း ဖြည်စရာမလိုပါဘဲနှင့် အင်စတောလုပ်ရုံဖြင့် ဖူးဗားရှင်း ရရှိမှာ ဖြစ်ပါတယ်။

Win Rar 32 Bit Full Version

Win Rar 64 Bit Full Version

Tuesday, 25 June 2013

Adobe Photoshop CS6 Portable



Mediafire မှာတင်လိုက်တာ ခဏခဏ အဖျက်ခံရတယ်ဗျာ။ အခုတော့ တော်တော်လေး ခိုင်တဲ့ ဆိုဒ်တစ်ခုမှာ တင်ထားတယ်။ လင့်အဖျက်ခံရခြင်း ကင်းဝေးလိုက www.mega.co.nz မှာ အကောင့်လုပ်ပြီး တင်နိုင်ပါကြောင်း အသိပေးလိုက်ရပါတယ်။

ဖိုတိုရှော့ CS 6 Portable 64 bit


ဖိုတိုရှော့ CS 6 Portable 32 bit

gtalk Invisible


ကိုယ်လိုင်းပေါ်မှာ ရှိနေတာကို မသိစေလိုသူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ယောင်ဖျောက်နေလိုသူများ၊ ချုံခိုတိုက်ခိုက်လိုသူများ အနေဖြင့် မိမိကွန်ပြူတာထဲတွင် အင်စတောလုပ်ပြီး သုံးနိုင်ပါပြီ။
ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

Adobe After Effect Pro CS3 + Crack


ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Adobe Photoshop CS3 Portable ကိုတော့ ဒီမှာ ဒေါင်းယူပါ။

Microsoft Office 2013 + Patch, Crack


အထူးပြောစရာ လိုအပ်မယ် မထင်ပါ။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။