Benner

Monday, 28 January 2013

C Pen

နည်းပညာများကတော့ လက်ဖျားခါလောက်ပါရဲ့။ အခု C Pen ဆိုတာ ပေါ်နေပြီ။ ဒီကောင်က ဘယ်လို အလုပ် လုပ်သလဲဆိုရင် သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေပေါ်မှာ ရေးထားတဲ့ စာတွေ၊ စာလုံးတွေ အားလုံးကို ကွန်ပြူတာထဲကို အလိုလျှောက် ပေါ်လာအောင် ကော်ပီ ကူးပေးနိုင်ပါတယ်။ ကျနော်တို့အတွက်ကတော့ C Pen က စောပါသေးတယ်။ နောက်မှ ပေါ်မဲ့ Z Pen ရောက်မှဘဲ နောက်ဆုံးပေါ် မော်ဒယ်ကို ဝယ်တော့မယ်။ သူ့ရဲ့ လုပ်ဆောင်ပုံ အလုပ် လုပ်ပုံကို တင်ပြထားတာကို ကြည့်လိုက အောက်ပါ လိပ်စာမှာ သွားကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=W1t7qM4ezG4&feature=player_embedded#!

Text to Speak for Android


Click here to download it. တော်တော်လေးကို လန်းတယ်ဗျ။ စာတဖိုင်လုံးကို ပြန်ချင်သလား၊ တစ်ကြောင်းချင်းကို ပြန်ချင်သလား။

Compass .apk for Android

 ကျနော် အရင်တုန်းက နိုင်ငံတစ်ခုမှာ အလုပ်..လုပ်ခဲ့ဖူးတယ်။ နှစ်တော်တော်များများ ကြာပေမဲ့ ကိုယ့်အလုပ်ကနေပြီး ကိုယ်နေတဲ့ အိမ်ဟာ ဘယ်အရပ်မှာ ရှိမှန်း မသိခဲ့ဘူး။ ဘယ်အရပ်ဟာ အရှေ့၊ အနောက် တောင် မြောက် စသည်ဖြင့် လုံးဝကို မသဲကွဲခဲ့ဖူးဘူး။ ဒီကောင်လေးကတော့ သင့်ဖုန်းထဲကို ထည့်ထားလျှင် တိတိကျကျ ညွှန်ပြပါလိမ့်မယ်။
Click here to download it.

File Converter for .apk



Click here to download it.
The ultimate file converter! Convert 1 file to audio, video, documents etc!
With File Converter you can convert almost all your files! Convert files to Archives, Audio, Documents, Ebooks, Images or Videos!
**READ THIS**
This is the free version of File Converter and only allows you to convert 1 file! This app can be used to get an impression of what the paid version of File Converter can do.
Please don’t start posting reviews that the app only allows one conversion, every conversion costs us money. If you cannot convert a file, need help or have a question you can always contact us.

ရယ်ရလွန်းလို့

ပုလင်းပုံပြင်များ

အပိုင်း (၁) တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင် ခရီးအတူ သွားကြသည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ထိုပုလင်းကို စောင့်သော နတ်သားတစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကိုတောင်းဆိုစေသည်။
ပထမဦးစွာ အင်္ဂလိပ်လူမျိုးက
"ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော"
" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"

Translate Free .apk for Android



Click here to download it.
- Voice Input Support
- Save and Repository
- Translate Support Languages
Afrikaans
Albanian
Arabic
Armenian
Azerbaijani
Basque
Belarusian
Bengali
Bulgarian
Catalan
Chinese

Office 2010 Study Guide .apk for Android




Click here to download it. Office 2010 – Study Guide w/ Windows 7 lectures. Flash Autoplay Audio Lectures!
Office 2010 Study Guide with Audio Video lectures
Learn to use Word, Excel, Powerpoint, & Access 2010!
Bonus: Windows 7 and Office fundamentals Audio lectures.
**This is intended for HCCS students in the BCIS 1405 class**
By: Professor Mr B. (Facebook.com/RBMBA)
Content from Pearson Education, Inc.

APK ဖိုင်များကို လိုသလို ဒေါင်းနိုင်ပါတယ်။

ဟိုတစ်ရက်က မြန်မာပြည်မှာ ရှိနေတဲ့ အသိက သူလိုချင်တဲ့ .apk file တစ်ဖိုင်ကို ပို့ပေးဖို့ ပြောလာတယ်။ အဲဒါနဲ့ ကျနော်က Play Store မှာ ရှာပြီး ဒေါင်းနိုင်ကြောင်း ပြောတော့ မြန်မာပြည်မှာ ဖွင့်လို့ မရဘူးတဲ့။ အဲဒါနဲ့ လိုအပ်သူများ ဒေါင်းနိုင်စေရန်အတွက် အောက်မှာ လိုချင်မယ်ထင်တဲ့ ဖိုင်တချို့ကို တင်ပေးလိုက်ပါတယ်။ သက်ဆိုင်ရာ ခေါင်းစဉ်လေးများကို နှိပ်ပြီး ဒေါင်းလုပ်ရယူကြပါ။ ကြိုက်သလို ရှဲလ်ပြီး ကုသိုလ် ယူနိုင်ပါတယ်။ များများ ဒေါင်းပြီး အသုံးပြုကြလေ.. တင်ပေးတဲ့ ကျနော်လည်း ကုသိုလ် များများ ရလေပေါ့။ စုစုပေါင်း ၁၄ ခုတင်ပေးထားပါတယ်။
၁။ Viber
            ဗိုက်ဗာကတော့ ထူးပြီး ပြောစရာ မလိုပါ။ မြန်မာပြည်မှာ လူတိုင်းလိုလို သုံးနေကြပါတယ်။

၂။ Fring
           သူကလည်း ဗိုက်ဗာလိုပါပဲ။ ကျနော့်သူငယ်ချင်းက သူ့ကိုသုံးဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်က ဗိုက်ဗာနဲ့ အသားကျနေလို့ မသုံးဖြစ်ပါဘူး။  အသေးစိတ် ဖတ်ချင်လျှင်

Sunday, 27 January 2013

အန်တီမဲလ်ဝဲလ်ဗိုက်ကီးများ Malwarebytes

ဗားရှင်းအားလုံးအတွက် အဆင်ပြေတဲ့ ကီးတွေပါ။ ခရက်ဖိုင်ကို ပေးလျှင် တင်ပေးတဲ့ ဆိုဒ်က ဖျက်ပစ်လေ့ရှိသလို ဒေါင်းပြီး သုံးတဲ့လူက အန်တီဗိုင်းရပ်ကို ပိတ်မထားရင် ဖွင့်မရတာက တမျိုး၊ အော်တို ဖျက်ပစ်တာက တမျိုး စသည့် အကြောင်းကြောင်း ကြောင့် အခုလို ကီးများကို တင်ပေးရခြင်း ဖြစ်ပါတယ်။

1GI28

Saturday, 26 January 2013

လူတိုင်း သိထားသင့်သော အကြောင်းအရာလေးများ


ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး
(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ

တန်ဖိုးအကြီးဆုံးအရာ(၃)ခု
(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ

Thursday, 24 January 2013

သိထားသင့်တဲ့ နည်းလေးများ


ဒီနေ့တော့ သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ ပြောပြဦးမယ်နော်။ တကယ်လဲ အသုံးဝင်တဲ့ နည်းလေးတွေပါ။
(၁) ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွား ပါလိမ့်မယ်။
(၂) ခြင်ကိုက်လို့ယားနေပါလား၊ ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။
(၃) သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။
(၄) တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

Wednesday, 16 January 2013

အမွေးများ၏ ရာဇဝင် သမိုင်း




ဟိုးရှေးရှေး တုန်းက....ယောကျာ်း တွေကော....မိန်းမတွေကောဟာ...
နှုတ်ခမ်းမွေး ပေါက်ကြတယ်တဲ့...ခုခေတ်လို မဟုတ်ဖူးပေါ့လေ...
အဲ တစ်နေ့ မှာ...သိကြားမင်းကြီးဟာ....လူ့ ပြည်ကို နတ်မျက်စိနဲ့ လှမ်းကြည့်
လိုက်တယ်တဲ့....။ အဲ့ဒီမှာ ယောကျာ်းတွေကော မိန်းမတွေကောဟာ....
နှုတ်ခမ်းမွေး ကိုစီနဲ့ ဆိုတော့...သိကြားမင်းကြီးဟာ ရုတ်တရက် ချက်ချင်း
ယောကျာ်းလား မိန်းမလား ခွဲမရဖြစ်နေတယ်တဲ့....အဲဒါနဲ့ ...မာတလိ နတ်သားကိုခေါ်လိုက်ပြီး
" ဟဲ့ မာတလိ....လူ့ ပြည်ကို ငါလှမ်းကြည့်ရတာ ယောကျာ်းတွေကော
မိန်းမတွေကော နှုတ်ခမ်းမွေး ကိုစီနဲ့ ဆိုတော့ ငါ လှမ်းကြည့်တဲ့အခါ ရုတ်တရက် ခွဲခြားဖို့ ခက်ခဲနေပေတယ်...ဒါကြောင့် မောင်မင်းက ကြည့်
ကောင်းအောင်စီစဉ်ပါဦး..."
အဲလိုပြောပြီး သိကြားမင်းကြီး လည်းအနောက်ဆောင်ထဲဝင်သွားတယ်...
ဒါနဲ့ မာတလိ နတ်သားလည်း...လူ့ ပြည်က မိန်းကလေးတွေရဲ့ နှုတ်ခမ်းမွေး
တွေကို ဝရဇိန် လက်နက်နဲ့ ချိန်ပြီး " ဂျိုင်း " ပြီး မိုးကြိုးနဲ့ ပစ်ချလိုက်တယ်ဆို
ရင်ပဲ...မိုးကြိုးပစ်တဲ့အ သံနဲ့ လိုက်ပြီး...မိန်းကလေးတွေရဲ့  နှုတ်ခမ်းမွေး
တွေက...ဂျိုင်း ကိုရောက်သွားတော့တယ်တဲ့ကွယ်....
ဒီလိုနဲ့ နောက်တစ်နေ့ မှာ...သိကြားမင်းကြီး ကလည်း လူ့ ပြည်ကို လှမ်း
အကဲခပ်လိုက်တော့...အားလုံးအဆင်ပြေပြေနဲ့ တွေရတော့...စိတ်ချမ်းသာ
သွားတာပေါ့....ဒါပေမယ့်...သိပ်မကြာပါဘူး....လုံမပျို တစ်ယောက်...ရေခပ်
ပြီး ပြန်လာတာကို သိကြားမင်းကြီးလှမ်းမြင်တော့...လန့် ဖျပ်သွားတယ်...
ဘာလို့ လဲဆိုတော့...လုံမပျိုက...ရေအိုးကို လက်နဲ့ ထိန်းထားတာကြောင်း
သူ့ ဂျိုင်းကြားက ဂျိုင်းမွှေး တွေကြောင်းလေ...ဒါနဲ့  သိကြားမင်းကြီးလည်း
မာတလိကို ခေါ်ပြန်တယ်....

HTC and ScreenShot

HTC Android ဖုန်းနှင့် ScreenShot လုပ်ဖို့ ခေါင်းစားနေသလား။ ScreenShot ဆိုတာက မိမိ ဖုန်းမှာ ပေါ်နေတဲ့ အရာကို ဓာတ်ပုံရိုက်ယူခြင်းကို ခေါ်ပါတယ်။ HTC Android ဖုန်းအတွက် စခရင်ကို ဓာတ်ပုံရိုက်ရန်အတွက် နှစ်နည်းရှိပါတယ်။
၁.. ပါဝါ ခလုပ်နှင့် အသံအတိုးအကျယ် ပြုလုပ်ရာတွင် အတိုး ခလုပ်ကို တပြိုင်နက် နှိပ်ပြီး လုပ်ယူခြင်း (တခါတရံ မရ)
၂.. ပါဝါ ခလုပ်နှင့် Home ခလုပ်ကို တပြိုင်နက် နှိပ်ပြီး ရယူခြင်း (လွယ်ကူပါတယ်)။
အခုအချိန်ကစပြီး ကြွားဝါလို၍ပဲ ဖြစ်ဖြစ်၊ အကြောင်း..ကြောင်းကြောင့် မိမိဖုန်းရှိ စခရင်ကို ဓာတ်ပုံ ရိုက်လိုက ရိုက်ယူနိုင်ပါပြီ။

Tuesday, 15 January 2013

ဖိုင် အကြီးကြီး တွေကို ပို့ကြစို့။

            လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျနော့်အသိတွေထဲက ဦးဇင်းတစ်ပါးက ဆက်သွယ်လာပါတယ်။ သီတဂူဆရာတော်ကြီး ဟောကြားအပ်သော တရားအခွေကို နိုင်ငံ ရပ်ခြားကို ရောက်နေတဲ့ ဦးဇင်းရဲ့ ဒကာ၊ ဒကာမ တစ်ဦးဦးထံကို ပို့ချင်လို့တဲ့။ ကျနော်က www.mediafire.com မှာ အကောင့်တစ်ခုလုပ်ပြီး ပို့ပေးနိုင်ကြောင်း ပြောပြလိုက်ပါတယ်။ အဲဒီဆိုဒ်မှာက ပို့တယ် ဆိုပေမဲ့ အထူးသဖြင့်က ဖိုင်တွေကို အချိန်အတိုင်းအတာအားဖြင့် အတိုင်းအဆမဲ့ ဖရီးတင်ခွင့် ပေးထားပါတယ်။ ငွေကုန်စရာ မလိုဘဲ ဂစ်၅၀ အထိ တင်ထားနိုင်ပြီး ကိုယ်တင်ထားတဲ့သူကို မိမိတင်လိုက်လို့ ရရှိတဲ့ လင့်ကတဆင့် တဖက်လူကို ဒေါင်းလုပ်..လုပ်ပြီး ရယူနိုင်ပါတယ်။ ကျနော့်အနေနဲ့တော့ ဒီဆိုဒ်မှာ ရှိတဲ့ လင့်တွေ အားလုံးဟာ Mediafire မှာ တင်ထားပြီး ပြန်လည် မျှဝေထားခြင်းသာ ဖြစ်ပါတယ်။
             အခု အောက်မှာ ဖော်ပြထားသည်များကတော့ မီဒီယာဖိုင်းယားလို ဖိုင်တွေကို မိမိလိုရာကို ပို့ပေးနိုင်စေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အားလုံးကို ကျနော်က စမ်းသပ် မကြည့်ရသေးပေမဲ့ မြန်မာ အိုင်တီ ဂရုမှ ရေးသားထားသည်ကို ပြန်လည် ဖောက်သည်ချလိုက်ရပါတယ်။

Monday, 14 January 2013

သင်ဖေ့စဘုတ်ကို သုံးသလား!!!

ဒီနေ့ ကျနော့်ညီအရင်းလို ခင်ရတဲ့ ညီတော်မောင်အာကာက ပြောလာတယ်။ ဘယ်ဆိုဒ်တွေက ဘာတွေရေးလို့ ဘယ်လိုလေ့လာရမလဲနဲ့ ဘ တွေတော်တော်များများ မေးပါတယ်။ အကယ်၍ သင့်မှာ ဖေ့စဘုတ် အကောင့် တစ်ခု ရှိနေမယ်ဆိုရင် အောက်က လိပ်စာများကို ကို Like လုပ်ခြင်းဖြင့်သော်၎င်း၊ Add Friend လုပ်ခြင်းဖြင့်သော်၎င်း သူတို့တင်သမျှကို ကိုယ့်အိပ်ယာထဲကနေ ဖတ်နိုင်ပါပြီ။
နည်းပညာပိုင်းကို အခုနောက်ပိုင်းမှာ အားသွန်ခွန်စိုက်နဲ့ ရေးသားလာတဲ့
မြန်မာအိုင်တီဂရု...https://www.facebook.com/myanmarITgroup
သတင်းတွေကို ပုရွက်ဆိပ် ကိုက်တာကအစ အချိန်နဲ့ တပြေးညီ တင်ပေးနေတာက..
အေးချမ်းမွန်...https://www.facebook.com/excellencemedia?ref=stream
ရယ်စရာ ဟာသများနှင့် ခံစားချက် တိုတိုထွာထွာတို့ကို တန်ဖိုးရှိစွာနဲ့ တင်ပြပေးနေတာက..
ရေးမိရေးရာလေးများ..https://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%80%AD%E1%80%B1%E1%80%9B%E1%80%B8%E1%80%9B%E1%80%AC%E1%80%B1%E1%80%9C%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/144689295633508?ref=stream
ပြုံးရယ်စရာ ဓာတ်ပုံများကို အမြဲလိုလို တင်နေတာက..ပေါက်ကရ ၄၀
..https://www.facebook.com/pages/%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%80%E1%80%9B%E1%81%84%E1%81%80%E1%80%95%E1%80%B6%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/119600594870244?ref=stream

ကြိုက်တဲ့ဟာကို ကြိုက်သလို ဖတ်နိုင်ကြ ပြုံးနိုင်ကြပါစေဗျာ။

Android ဖုန်းထဲကို ပြင်ပမှ .apk files များအား Install ပြုလုပ်ခြင်း

                 ဖေ့စဘုတ်မှာ နည်းပညာနဲ့ ပတ်သက်ပြီး ရေးထားကြတဲ့ လူအများစုက တင်ပေးထားကြတာကို တွေ့ရပါတယ်။ ဒါက မြန်မာ Frozen Keyboard. apk, Game, Dictionary စသည်ဖြင့် တွေ့ရပါတယ်။ သိတဲ့အတိုင်းပဲ တင်ပေးထားတာတွေက လိုချင်စရာတွေနဲ့ အကြိုက်တွေချည်းပဲ ဆိုတော့ကား ဒေါင်းထားလိုက်တာပေါ့။ ဖုန်းထဲကို ထည့်တော့ သူ့ကို မတွေ့ရဘူး။ အင်စတောလည်း ဘယ်လို လုပ်ရမှန်း မသိခဲ့ဘူး။ အဲဒါနဲ့ ဂေါ်ဂယ်မှာ ရှာကြည့်လိုက်တော့
ဒီလို ရေးထားလေရဲ့...
၁. Play Store မှာ Astro File Manager ကိုဒေါင်းပါ။
၂. သင့်ဖုန်းကို USB Cable ဖြင့် ကွန်ပြူတာကို ချိတ်ဆက်ပါ။
၃. ပြီးလျှင် သင်ဒေါင်းထားတဲ့ .apk files များကို ကြိုက်ရာနေရာမှာ ကူးထည့်လိုက်ပါ။
၎. Safety Remove or Eject ကို လုပ်ပါ။
၅. ပြီးလျှင် Astro ကို ဖွင့်ပြီး Browse လုပ်ပြီး သင်ထည့်ထားတဲ့ ဘာညာသာရကာလေးများကို Open app Manager ဖြင့်ရမ်းလိုက်ပါ။
၆. အင်စတောကို နှိပ်လိုက်လျှင် ပြီးသွားပါမယ်။ ဒါပေမဲ့ အချို့ အချို့သော .apk files များဟာ Market မှာ မရှိတဲ့ အတွက် Block လုပ်ပြီး အင်စတော ပေးမလုပ်တာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါမျိုးကို အဆင်ပြေဖို့အတွက် Setting >> Security >> Unknown Sources မှာ Allow installation of non-Market apps ကို မှန်ခြစ် ခြစ်ပေးခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်။
အထက်ပါ အကြောင်းအရာများဟာ HTC Android Phone ကို အခြေခံပြီး ရေးထားခြင်း ဖြစ်ပါတယ်။

Saturday, 12 January 2013

အံဖွယ် လေယာဉ်မှူးနှင့် အခြား ဟာသများ



တက်စီကားတစ်စီးပေါ်ကို လူတစ်ယောက် တက်လာတယ်။
“ကားဆရာ လေယာဉ်ကွင်းကို မြန်မြန်လေး မောင်းပေးပါ။”
“လေယာဉ်ချိန်က ဘယ်အချိန်လဲ။”
“၁၀နာရီ၂၀ပါ။”
“ဒါဆို ဘယ်မှီတော့မလဲ။ အခုပဲ မိနစ် ၂၀ ကျော်နေပြီ။ လေယာဉ်က ခင်ဗျားကို ဘယ်စောင့်တော့မလဲ။ ”

HTC Smart Phone

       


      ကျနော်ကတော့ HTC Smart Phone ကိုဝယ်ထားတော့ HTC Smart Phone နှင့်ပတ်သက်တာလေး တစ်ခုကို ပြောပြချင်ပါတယ်။ အခုအချိန်ကစပြီး HTC ရဲ့ မူရင်း ဝက်ဆိုဒ်မှာ မြန်မာလို လေ့လာ ဖတ်ရှူ့လို့ ရပါပြီ။ မြန်မာဘာသာဖြင့် ရိုးရိုး ဝက်ဆိုဒ် တစ်ခုကို ဖတ်ရသလိုမျိုး ဖတ်နိုင်ပြီး သူတို့၏ ထုတ်ကုန်နှင့် ပတ်သက်လို့ ပြဿနာများ၊ အခက်အခဲများနှင့် ထင်မြင်ချက်များကို ပေးနိုင်ပါပြီ။
အောက်ပါ လိပ်စာကို နှိပ်ပြီး HTC ဝက်ဆိုဒ်ကို မြန်မာလို ဖတ်ကြည့်ပါ။
http://www.htc.com/mm/

Friday, 11 January 2013

IDM 6.14 Latest


 IDM ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ အသုံးပြု မကျွမ်းကျင်သေးသူ အနည်းငယ်သော လူအချို့ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာပါ။ သိပြီးသူများ အောက်က အကြောင်းအရာကို ဆက်ဖတ်စရာ မလိုပါဘူးဗျာ။ ကျနော်တို့ အခု သုံးနေကြတဲ့ ဆော့ဝဲလ်တိုင်းလိုလိုက အမှန်အားဖြင့် ငွေပေးပြီး ဝယ်သုံးရလေ့ရှိပါတယ်။ ဒါကို ကျနော်တို့က ငွေမပေးချင်တာနဲ့ ခိုးပြီး သုံးနေကြတာပါ။ Patch ဖိုင်ကို ဖြည်ပြီး

Thursday, 3 January 2013

ဒါမှမဟုတ်နှင့် အခြား ဟာသများ


အားလုံးကို သူ မြင်မိ လို့

အတန်းထဲတွင် ဆရာမက ကျောင်းသားများကို စာမေးလေသည်။
ဆရာမ ။ ။ ငါးဖယ်က ဘာလို့ ပြားနေတာလဲ
မောင်ပီတာ။ ။ ဝေလ ငါးနဲ့ တူတူ အိပ်လို့ပါ ဆရာမ
ဆရာမ အကြီးအကျယ် ဒေါသထွက်ကာ
ဆရာမ ။ ။ သွား .... မင်း အခန်းပြင်ထွက်သွား အခန်း ဝ မှာ မတ်တပ်ရပ်နေ
ဟု ပြောလိုက်သည်။
ထို့နောက် ဆရာမ က ကျောင်းသားများကို စာ ဆက်မေးလေသည်
ဆရာမ။ ။ ကျောက်ပုဇွန် ရဲ့ မျက်လုံးကရော ဘာလို့ ပြူးနေတာလဲ
အခန်း ဝ မှနေ၍ မောင်ပီတာ ပြန် ပြောလိုက်ပုံ က
မောင်ပီတာ။ ။ အဲဒါတွေ အားလုံးကို သူ မြင် မိ လို့ပါ

Wednesday, 2 January 2013

Ftalk

ဂျီတော့ကို သုံးသလိုမျိုး ဖေ့စဘုတ် အကောင့်တစ်ခုရှိရုံနှင့် ဂျီတော့ပြောသလိုမျိုး ပြောနိုင်ပါပြီ။ အာရှ အလယ်ပိုင်းနိုင်ငံမှာနှင့် အာဖရိက နိုင်ငံများမှာ အသုံးများပါတယ်။
စမ်းကြည့်လိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်တာနဲ့ ဂစ်တာလက်ကွက်များကို ဖော်ပြပေးသော ဆော့ဝဲလ်





၎င်းဆော့ဝဲလ်ကို အင်စတောလုပ်လိုက်ပါ။ ပြီးလျှင် သီချင်းတစ်ပုဒ်ကို ၄င်းဆော့ဝဲလ်နှင့် ဖွင့်လိုက်ပါ။ သီချင်းနဲ့အတူ လက်ကွက်လေးတွေ အစီအရီ ထွက်ပေါ်လာတာ၊ ဖြော်ပလာတာကို တွေ့ရပါလိမ့်မယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။


Tuesday, 1 January 2013

မြန်မာပြည်အတွက် တနှစ်တာ ဟောစာတမ်း

ဖေ့စဘုတ်မှာ တင်လို့ မရတဲ့အတွက် ဆိုဒ်ထဲမှာ တင်ပေးလိုက်ပါတယ်။ ဆရာ စံဇာဏီဘို ရဲ့ မြန်မာပြည်အတွက် တနှစ်စာ ဟောစာတမ်းပါ။ နားထောင်ကြည့်လိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Memory Washer Portable

              ကွန်ပြူတာကို အသုံးပြုရင်းနဲ့ စက်ဟန်းသွားတာမျိုး၊ မောက်ကလေးကို လေးလေးပင်ပင်နဲ့ ရွေ့ရတဲ့အခါမျိုး၊ ဆော့ဝဲလ်တစ်ခုကို ဖွင့်လိုက်လျှင် နည်းနည်း အချိန်စောင့်ဆိုင်းနေရတာမျိုးတွေကို ကွန်ပြူတာနဲ့ မကင်းသူတိုင်း ကြုံတွေ့ဖူးကြပါလိမ့်မယ်။ ၄င်းကဲ့သို့ ဖြစ်ရခြင်းမှာ ကွန်ပြူတာအတွင်းမှာ ရှိတဲ့ ရမ်ကဒ်ရဲ့ ရှုပ်ထွေးစွာ တွက်ချက်နေရမှု့များကြောင့် ဖြစ်ပါတယ်။ မနေ့က စာတစ်ကြောင်းကို ဒီနေ့ အလျှင်အမြန်ဖော်ပြနိုင်ရန်နှင့် စက်ထဲမှာ မသုံးတာကြာတော့တဲ့ ဒယ်တာတွေကို ဆေးကြောပေးဖို့အတွက် ဒီဆော့ဝဲလေးကို သုံးကြည့်ပါ။ အင်စတော လုပ်စရာ မလိုပါဘူး။ ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။

ပိဋကတ်(၃)ပုံမြန်မာပြန်

ပိဋကတ်(၃)ပုံမြန်မာပြန် ဖတ်လို့ ရပါပြီ။  ဒီနေရာမှာ ဒေါင်းလုပ် ရယူပြီး ကုသိုလ်ယူ ပွားများနိုင်ကြပါစေဗျာ။ လင့်ဘယ်တော့မှ သေမှာမဟုတ်ပါဘူး။ နှစ် ငါးဆယ်အတွင်းမှာပေါ့။ ကြိုက်သလိုနဲ့ ကြိုက်တဲ့လူကို မျှဝေပါ။ များများ မျှဝေလေ ကုသိုလ် ရလေပေါ့။

မြန်မာနိုင်ငံမှ ထွက်ပေါ်ခဲ့သော မှတ်ဥာဏ်အကောင်းဆုံး Guinness စံချိန်ဝင် ဆရာတော်


ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။(တခြားဘာသာဝင်များလည်း ဗဟုသုတ အနေဖြင့်ပဲ ဖတ်ပေးပေါ့နော် :) ) အားလုံးပဲ မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။ မင်းကွန်းဆရာတော်ဘုရားဟာ ဥာဏ်အလွန်ကောင်းပါတယ်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ မှာ (ရေးဖြေ) -
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ် ဖြင့် ဂုဏ်ထူးဖြင့် အောင်တော်မူပါတယ်။

Monday, 31 December 2012

စကားကြီး ဆယ်ခွန်း ပြောဆိုနည်း


(၁) ရေကူးညာတင်ပြောနည်း
မြစ်ကူးရာတွင် မြစ်ညာကတင်ပြီး ကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏ ၊
စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိုတင်ပြင်ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည် ။

( ၂) ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သောအခါ ကောက်ပင်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမှ တံစဉ်နှင့် ပြန်ရိတ်ရ၏ ၊ စကားပြော ဆိုရာတွင်လည်း တဖက်လူ၏ စကားကိုမိမိရရဆုပ်ကိုင်မိမှ ချက်ကောင်းယူပြီး ပိုင်အောင်ပြောဆိုနည်းကိုဆိုလိုပါသည် ။

(၃) ရေစီးဖောင်ဆန်ပြောနည်း
ရေစီးသည့်နေရာမှာ ဖောင်ဆန်သည့်အခါ ဖြည်းညှင်းစွာထိုးဝါးနှင့် ထောက်ထောက်ပြီး စိတ်ရှည်လက်ရှည်
ဆန်တက်ရ၏ ၊ စကားပြောဆိုရာတွင်လည်း လိုရာရောက်အောင် စိတ်ရှည်လက်ရှည် သာယာညှင်းပျောင်းစွာပြောဆိုနည်းကို ဆိုလိုပါသည် ။

(၄) အိုးတန်ဆန်ခတ်ပြောနည်း
အိုးနှင့်ဆန်ကို တန်အောင်ချက်လျှင်နူးနပ်စွာ စားသုံးရ၏ ၊ စကားပြောဆိုရာတွင်လည်း မိမိပြောမည့်
စကားသည်မိမိပြောမည့်လူနှင့်တန်သောစကားမျိုးပြောမှ မိမိဆိုလိုရင်းကို ထိုသူသဘောပေါက်အောင် ပြောနိုင်မည်ဖြစ်၏ ။

Funny

            ရေးမိရေးရာဆိုတဲ့ ဖေ့စဘုတ်ပိုင်ရှင်က စိတ်အပန်းပြေစေဖို့ တင်..တင်လာတဲ့ ရယ်စရာ ဟာသလေးများကို နှစ်သက်မိလို့ ဖော်ပြလိုက်ပါတယ်။ သူ့လိပ်စာကို ဒါရိုက်ဝင်ဖတ်လိုလျှင်တော့ ရေးမိရေးရာ ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ပါ။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ သင့်ရဲ့ ဖေ့စဘုတ်အကောင့်လည်း ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ရှောင်နိုင်ဖို့။

ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ'' ''သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ''
''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' ''မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်''
''ဆေးလိပ်တော့မသောက်ဘူးမလား'' ''ဘယ်ကလာ.. သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်''
''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်'' ''ပေါက်ပေါက်ရှာရှာ.. မိန်းမဆို ပျိုပျို အိုအို လာထားပဲ''
''ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''
''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''
XXXXXXXXXXXXXXXXX
လွယ်လွန်းလို့

တစ်ခါက နယ်လှည့် စာရင်းကိုင်ပညာ ကို သင်ကြားလေ့ရှိသော ပါမေက္ခကြီး တစ်ဦးသည် သူသွားလေရာသို့ သူ့ဒရိုင်ဘာအား အမြဲခေါ်သွားလေ့ ရှိ၏။ ကြာသောအခါ ဒရိုင်ဘာသည် စာရင်းကိုင် သင်တန်း၌ ပထမနေ့တွင် ဟောကြားရမည့် အချက်အလက်များကို မှတ်မိကာ အလွတ်ရလာလေသည်။ အခြား မြို့တစ်မြို့ကို ရောက်သောအခါ ဒရိုင်ဘာက ပါမေက္ခကြီးအား “ ဆရာကြီးခင်ဗျား…ဆရာကြီး ပထမနေ့ ဟောပြောတာတွေ ကျွန်တော် အလွတ်ရနေပါပြီ ဒီတော့ ဒီနေ့ ဆရာကြီးက ဒရိုင်ဘာအနေနဲ့ ကားထဲမှာ နေခဲ့ပြီး ကျွန်တော် ပြောပါရစေ” ဟု ခွင့်တောင်းလေသည်။ ပါမေက္ခကြီးက သဘောတူသောကြောင့် ဒရိုင်ဘာက သင်တန်းသားများကို တက်ရောက် ဟောကြားလေသည်။ ဟောပြောအပြီး၌ မေးခွန်းများကို ၀ိုင်းမေးကြရာ ဒရိုင်ဘာမှာ မဖြေနိုင် ဖြစ်သွားလေသည်။ သို့သော် ဒရိုင်ဘာက ဟန်ဆောင်ကာ “ လွယ်ပါတယ် ခင်ဗျားတို့ မေးတဲ့ မေးခွန်းတွေ သိပ်လွယ်တဲ့ အတွက် ကျွန်တော်က မဖြေဘဲ ကျွန်တော့ ဒရိုင်ဘာက ဖြေပါလိမ့်မယ် ” ဟု ပြောကာ စင်ပေါ်မှ ဆင်းသွားလေသည်။
XXXXXXXXXXXXXXXX
တခါက မြို့ကြီးရွာကြီးများနဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ ခေတ်ပေါ်စက်ပစ္စည်းများကို မမြင်ဖူးမကြားဖူးတဲ့ ပါဠိဘာသာကို တစ်ဖက်ကမ်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါး ရှိသတဲ့။ တနေ့တော့ ဘုန်းကြီးနေထိုင်ရာ ရွာလေးသို့ မြို့သားဓာတ်ပုံဆရာတစ်ယောက် ရှုခင်းဓာတ်ပုံများရိုက်ကူးရန် ရောက်ရှိလာလေ၏။

Saturday, 29 December 2012

စာရေးဆရာ ချစ်ဦးညို၏ စာပေ ဟောပြောပွဲများ

IDM ကို စပိ အမြင့်ဆုံးနဲ့ ဒေါင်းကြမယ်။

        IDM (Internet Download Manager) ကို ဘာကြောင့်သုံးသလဲဆိုရပါလျှင် ဖိုင်တွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဒေါင်းချင်လို့ပါလို့ ပြောရပါလိမ့်မယ်။ ဖိုင်ဆိုဒ် ကြီးကြီးမားမားတွေကို ဒေါင်းပြီဆိုရင် အင်တာနက် ဒေါင်းလုပ် မန်နေဂျာက မနေ့က ဒေါင်းလို့ မပြီးသေးတဲ့ဟာကို မနေ့က ဒေါင်းထားတဲ့ နေရာကနေပြီး ပြန်ဒေါင်းပေးပါတယ်။ (ကော်လည်း ကောင်းနေရင်ပေါ့)။ နောက်တစ်ခုက Youtube လို ရုပ်၊ အသံတစ်ခုခုကို အင်တာနက် စာမျက်နှာ တစ်ခုကို ဖွင့်လိုက်တာနဲ့ အော်တို ဒေါင်းမလားဆိုတဲ့ သင်္ကေတလေး ပြပေးပါတယ်။ ကျနော်ဆိုလျှင် ကော်နက်ရှင်ကောင်းတဲ့ နေရာကို ရောက်ရင် သူ့ကို ထည့်ပြီး ဇာတ်ကားတွေကို အမုန်းဒေါင်းပါတယ်။ ပြီးတော့မှ အေးအေးဆေးဆေး ပြန်ကြည့်ပေါ့။ အခု တင်ပေးထားမှာကတော့ အင်တာနက် ဒေါင်းလုပ် မန်နေဂျာက သင့်ရဲ့ အင်တာနက်စပိကို အရှိကို အရှိအတိုင်း ဒေါင်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဥပမာ.. 2MB/s ရှိနေတဲ့ လိုင်းတစ်လိုင်းကို 2MB/s အပြည့်နဲ့ ဒေါင်းနိုင်အောင်ပါ။
            ဒီနေရာကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။

Tuesday, 25 December 2012

Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နည်းများ



            ပြီးခဲ့တဲ့အပတ်ကပဲ Android ဖုန်းအသစ်တစ်လုံး ဝယ်လိုက်တယ်။ (ကြွားတာ) ဒါပေမဲ့ ဝယ်ပြီးလို့ ၂ရက်အထိ အင်တာနက်ကို စမ်းသုံးကြည့်တယ်။ အဆင်မပြေဘူး။ ဂျီမေး ဖွင့်လို့ ရတယ်။ ဒေါင်းလို့ရတယ်။ ဒါပေမဲ့ ဂျီတော့တွေ၊ ဗိုက်ဗာတွေကို မရဘူး။ ဒါနဲ့ ဝယ်ခဲ့တဲ့ ဆိုင်ကို သွားပြီး အသစ်တစ်လုံး စိတ်ကြိုက်လဲလိုက်တယ်။ ဘာမှ ပြဿနာမရှိစွာနဲ့ ကြည်ကြည်ဖြူဖြူ လဲပေးပါတယ်။
==========================================
၁။ အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။
Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့ အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

2013 ခုနှစ် မြန်မာ ပြက္ခဒိန် ဆော့ဝဲ

       
               ၂၀၁၃ ခုနှစ်အတွက် ဖန်တီးထားသူများရဲ့ မြန်မာ၊ အင်္ဂလိပ်၊ တရုပ်... သုံးဘာသာ ပါဝင်သော ကွန်ပြူတာ ပြက္ခဒိန်ပါ။ လိုအပ်သူများ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ IT Group မှ ဒေါင်းလုပ်ဆွဲပြီး ရယူထားတာပါ။ IT Group ရဲ့ လုပ်ဆောင်ချက်များက လေးစားစရာပါ။ နည်းပညာနဲ့ပတ်သက်ပြီး သူတို့တွေ အစဉ်တစိုက်လိုလို အခုနောက်ပိုင်းမှာ ရေးသားလာတာကို တွေ့ရပါတယ်။ ကျနော် လင့်ကလေးပါ ထည့်ထားတယ်။ အဲဒီလင့်ကလေးကို နှိပ်လိုက် သူတို့ ရေးထားတဲ့ စာမျက်နှာကို ရောက်သွားလိမ့်မယ်။

မျက်လှည့်၏ လိမ်လည်မှု့များ

       
           ကျနော်တို့ အများကြီး အလိမ်ခံခဲ့ရပြီးပါပြီ။ အံမခန်းပြကွက်ဆန်းတွေနဲ့ပေါ့။ ဥပမာ.. ရေပေါ်မှာ လမ်းလျှောက်ပြတာ၊ ဆင်တစ်ကောင်လုံးကို ဖျောက်ပြတာ၊ လူကို သစ်ဖြတ်စက်နဲ့ ပိုင်းပြတာ၊ လေထဲမှာ ဘာအကူအညီမှ မပါဘဲ ဈန်နဲ့ ပျံပြတာ... စသည်ဖြင့်ပေါ့။ အောက်မှာ ကျနော်တင်ထားတဲ့ ဖိုင်တွေကတော့ နာမည်ကြီးမျက်လှည့်ဆရာတစ်ယောက်က ပရိတ်သတ်ကို ဘယ်လို လိမ်သွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားပါတယ်။ စိတ်ဝင်စားဖို့ အရမ်းကောင်းသလို၊ လိမ်လိုက်တဲ့ဟာကို မဖေါ်ခင်မှာ ပါးစပ်ဟောင်းလောင်းနဲ့ ဖြစ်ရပါတယ်။ ပြီးတော့ သူဘယ်လို လိမ်လိုက်တယ် ဆိုတာကို တဆင့်ပြီး တဆင့် ပြသထားတာပါ။ အပိုင်း ၁၂ ပိုင်းရှိပါတယ်။
           အရေးအကြီးဆုံးတစ်ခု ပြောချင်တာက ကြည့်ချင်တယ်ဆိုရင်တော့ ကော်ကော် ကောင်းတဲ့ နေရာမှာ နေရာယူပြီးတော့ ဒေါင်းလုပ် ရယူပါလို့ ပြောချင်ပါတယ်။ ဖိုင်ဆိုဒ်တစ်ခုဟာ အနည်းဆုံး ၉၀ မီဂါဗိုက်နဲ့ ၁၁၀ အတွင်းမှာ ရှိပါတယ်။ တစ်ပိုင်းဒေါင်းပြီးလျှင် တစ်ပိုင်း သီးသန့် ကြည့်လို့ ရပါတယ်။ အကုန်လုံးပြီးမှ ပေါင်းကြည့်ရတာမျိုး မဟုတ်ပါဘူး။
အောက်မှာ ဒေါင်းလုပ် ရယူပါ။
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂

မယားထိက ဓားကြည့်တဲ့။

သစ်ယာအိုက်

လွယ်ကူစွာဖြင့် လှပသော ဓာတ်ပုံတစ်ပုံ ဖန်တီးခြင်း

ဓာတ်ပုံတစ်ပုံကို ရိုက်ပြီး ရေစပ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလှလှလေးတစ်ခု ဖန်တီးပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ လှုပ်ရှားမှု့အနေနဲ့ .gif နဲ့ ပြန်ပြီး ပြောင်းလဲပေးပါတယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

မြန်မာ လက်ကွက် ဂိမ်း


မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ အရေးလေ့ကျင့်လိုသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Monday, 17 December 2012

မှားပါတယ်!!!


ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေ
းထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."

Saturday, 15 December 2012

Gtalk အတုဗျာ။ ကြောက်ဖို့ကောင်းတယ်။

မြန်မာတိုင်းလိုလို ဂျီတော့ကို သုံးကြတယ်။ နိုင်ငံတွင်းမှာ နေတဲ့ လူအများစုဟာ ကိုယ်ပိုင် ကွန်ပြူတာထက် အင်တာနက်ဆိုင်မှာ သွားသုံးကြတာများပါတယ်။ ဘယ်လောက် ခံရပြီးပြီလဲတော့ ကျနော်လည်း မသိဘူး။ ဂျီတော့ အကောင့် ရှိသူတိုင်း ဖတ်ကြည့်စေချင်တယ်ဗျာ။ ဘယ်သူ့ကိုမှတော့ သွားမလုပ်ကြပါနဲ့လို့ ပြောချင်တယ်ဗျာ။ သူများကို လုပ်ဖို့ထက် ကိုယ်တိုင် မခံရစေဖို့ ရည်ရွယ်ချက်နဲ့ ကျနော် ရေးလိုက်တာဗျ။ အခုလို ရေးလိုက်မှ သူများကို သွားများ လုပ်နေရင်တော့ မကောင်းဘူးပေါ့ဗျာ။ ဒေါင်းလုပ်..ဆွဲပြီး စမ်းသာ ကြည့်လိုက်ဗျာ.. မယုံရင် ကိုယ့်အကောင့်ကို စမ်းကြည့်ပေါ့။ ဖြစ်ပုံက ဒီလိုဗျ။..
ဒီဖိုင်လေးကို ဒေါင်းပြီးရင် Extract လုပ်လိုက်ရင်.. Gtalk Application နှင့် Gtalkacc လို့ ရေးထားတဲ့ Notepad file လေးတစ်ခုပါတယ်။ အဲဒီ Notepad လေးကို လောလောဆယ် ဖွင့်ကြည့်ရင် ခင်ဗျား ဘာမှ မတွေ့နိုင်ဘူး။

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်


သား !
သား...ငယ်ငယ်တုန်းကပေါ့။
အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊ နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။
ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။

Thursday, 13 December 2012

ဘဝအမောပြေဟာသများ


တိုက်ဆိုင်လိုက်တာ . . . .

လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။
သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက
"ကျွန်တော် ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ"လို့ ဆိုပါတယ်။
အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာရှိနေလို့ ဝိုင်နီမှာ သောက်တာ "လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။
ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောလိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။
အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။
ကျွန်တော်က ကြက်မွေးမြူရေး လုပ်တာ ပါ။
ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။
ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ" လို့ဆိုတော့
အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်း သုံးလိုက်လို့တုံး"လို့ မေးပါတယ်။
ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။
ခင်ဗျားရော"လို့ မေးလိုက် တော့ အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"တဲ့။

==========================

ဖောက်သည်တွေ

Computer, Internet & Email address

         အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း မေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီးတို့ဆီကို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော လိုက်ပါတယ်..

Wednesday, 12 December 2012

Facebook လုံခြုံရေး

Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ-

-သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။
Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security သို့ သွားပါ။
Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။
လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။ ဥပမာ - သင့်မိခင်ဧ။် မွေးရပ်မြေ ဟုရွေးချယ်ထားလျှင်
Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။(မေ့တော့မမေ့သွားစေနဲ့ ပေါ့)

သေခြင်းနှင့်အတူ ယူဆောင်သွားနိုင်သော အရာများ

ဒီစာကို ဖတ်ပြီးတော့ နှစ်သက်လွန်းလို့ ကျနော့်ဘလော့မှာ ရေးလိုက်ပါတယ်။ မူရင်း လင့်အနေနဲ့တော့
http://en.wikipedia.org/wiki/Chuck_Feeney နှင့်
http://wn.com/Chuck_Feeney မှာ ဖတ်နိုင်ပါတယ်။  မြန်မာလိုကို နိုင်နိုင်း စနေက ဘာသာပြန်ထားတာပါ။

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ မ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။

Saturday, 8 December 2012

တဏှာ၊ အရသာ၊ ဟင်း

ရေရှည် မှန်မှန် စားသွားရင် ဒီလောက်
အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်
ဆိုတာ Monosodium glutamate
(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု
 ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ
ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစား
အသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်
တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

မှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်း
စားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစား
အသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

Viber with PC or Laptop Computer

ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ အောက်ကပုံတွေ တဆင့်ချင်း ရှင်းပြထားတာကို မဖတ်ချင်ရင် မဖတ်ပါနဲ့။ ဒေါင်းလုပ်..လုပ်မဲ့အထဲမှာလည်း ပါပြီးသားပါ။ တစ်ခုပြောချင်တာက ကွန်ပြူတာတိုင်းမှာ မရပါဘူး။ ဟို..Notebook or Netbook အသေးစားလေးတွေ နဲ့ Windows Starter တင်ထားတဲ့ စက်တွေမှာ အလုပ်မလုပ်ပါဘူး (ကျနော် လုပ်လို့ မရတာ)။
ပုံကလေးတွေကို ကြည့်ပြီး လုပ်ကြည့်ပါ။ ကျနော်ကတော့ လုပ်ကြည့်ပါတယ်။ အဆင်ပြေပါတယ်။ စက်တိုင်းလည်း အဆင်ပြေတာတော့ မဟုတ်ပါဘူး။ တချို့စက်တွေမှာ တဖက်က အသံကို ကြားရပြီး ကိုယ့်ဘက်က အသံကို မကြားရတာတွေလည်း ကြုံရပါတယ်။ ဆော့ဝဲလ်ရဲ့ အားနည်းချက်လို့ ပြောရမယ် ထင်ပါတယ်။

 

Web Cam Problem

ဝင်းဒိုး ၇ သာတင်လိုက်.. Drivers တွေ အကုန်စုံပြီးသားတဲ့။ မဟုတ်ဘူးလို့တော့ မငြင်းပါဘူး။ ဒါပေမဲ့ တချို့စက်တွေမှာ မထင်မှတ်ဘဲ ကွိုင်တာတွေ ခဏခဏ ကြုံဘူးပါတယ်။ HDMI နဲ့ ချိတ်ဆက်လို့ မရတာတွေ။ Songs Driver ကြီးရှိနေပါလျှက် အသံမထွက်တာတွေ..စသည်ဖြင့်ပေါ့။
ကျနော် အခုစက်ကို အဖြေရှာနေတာ သုံးရက်လောက် ကြာသွားပါတယ်။ အင်တာနက်မှာ ရှိတဲ့ ဆရာ့ဆရာကြီးတွေကိုလည်း မေးကြည့်တယ်။ အဖြေလုံးဝ မပေးတာတွေလည်း ရှိသလို အဖြေပေးထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ အဖြေနဲ့က တလွဲစီချည်းပဲ ဖြစ်လို့နေတယ်။ ပြဿနာက ဒီလိုပါ။ ကွန်ပြူတာမှာ ရှိတဲ့ ဗွီဇက်အိုကိုပဲ ဖွင့်ဖွင့်၊ စကိုင်းပီကိုပဲ ဖွင့်ဖွင့် ကျနော့်ပုံက ဇောက်ထိုးကြီးပေါ်နေတယ်။ တဖက်က ချစ်သူနဲ့ စကားပြောတော့မယ်ဆိုရင် ကျနော့်ကွန်ပြူတာကို ကျွမ်းထိုး မှောက်ခုံထားရဖို့ပဲ ရှိတယ်။
             အဲဒီ ဇောက်ထိုး ပေါ်နေတဲ့ ပုံအတွက် တော်တော်လေးကို စိတ်ညစ်ခဲ့ရတယ်။ နောက်ဆုံးတော့... ရှာရင်း ဖွေရင်းနဲ့ အဆင်ပြေသွားပါတယ်။ အင်တာနက်မှာ ကျနော့်လို ပြဿနာကြုံလို့ မေးထားတဲ့ လူ နှစ်ယောက်၊ သုံးယောက်လောက်တော့ တွေ့ဖူးပါတယ်။ သူတို့ မေးထားတာတွေလည်း ဘာသာပြန်ကြည့်လိုက်တော့ ကင်မရာမှာ ပြောင်းပြန်ဇောက်ထိုးပေါ်နေတာပါပဲ။ အဲဒါကို ဘယ်လို ရှင်းလိုက်ရတယ်ဆိုတာကို ဖော်ပြရသော်...

Thursday, 6 December 2012

Latest Advance System Care with Key


ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ အင်စတောလုပ်ပါ။ ပြီးလျှင် မေးလာသော ကီးနေရာတွင် ဆော့ဝဲလ် ဖိုဒါတွင် ပါသော ကီးကလေးကို ဖြည့်လိုက်ပါ။ အဆင်ပြေပါတယ်။

ဂိမ်း

ကဲ... အပစ်အခတ် လုပ်ဖို့အတွက်သာ ပြင်ထားပါ။ ဂိမ်းက Portable Software လေးပါပဲ။ ခံတုပ်ကျင်း တစ်နေရာက ထိုင်ပြီး တပ်စခန်းကို ဖြိုခွင်းဖို့ ရောက်လာတဲ့ တန့်ကားတွေ ၊ ရန်သူ့ စစ်သားတွေ၊ အမြင့်ပြန်လေယာဉ်တွေကို လိုအပ်တဲ့လက်နက်သုံးပြီး ဆော့ရတဲ့ ဂိမ်းပါ။ ဖိုင်ဆိုဒ်ကလည်း ၂၀ မီဂါဗိုက်ကလေးပဲ ရှိပါတယ်။ ပျင်းလျှင် ဆော့လို့ ကောင်းပါတယ်.. ကျနော့်အနေနဲ့ပြောတာနော်..
လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

ကျနော် နှစ်သက်သော ဝင်းဒိုး XP Cursors များ

အများကြီး မဟုတ်ပါဘူး။ သုံးခုထဲပါ။ ပထမက အမြီးကလေး လှုပ်နေတဲ့ ကာဆာလေးရယ်.. ဘီးစီးဆိုင်းကို မြင်းပြေးနေတဲ့ ပုံနဲ့ စက္ကူပန်းစင်္ကြာပုံကလေးပါပဲ။ ဝင်းဒိုး အားလုံးနဲ့ အလုပ်..လုပ်ပါတယ်။
စမ်းကြည့်ပေါ့။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Nero Burnning 12 Portable


ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Latest Virtual DJ Portable

ဒီဂျေ ပွတ်လိုသူများ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ကျနော်ကတော့ ဘယ်လို ပွတ်ရမှန်းမသိလို့ မသုံးဖူးဘူး။ စမ်းတော့ ကြည့်ဖူးတယ်.. အသံတစ်ခုကို ထပ်ခါထပ်ခါ လုပ်ကြည့်တာတော့ နားထောင်လို့ ကောင်းတယ်။

Illustrator 64 Bits Portable



ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Illustrator CS6 Portable



ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ 32 Bits အတွက်ပါ။

Web Site တစ်ခုလုံးကို ဒေါင်းလုပ် ဆွဲချနိုင်သော ဆော့ဝဲ


ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ရန်ကုန်မှာ ရှိနေစဉ်တုန်းက နိုင်ငံတကာမှာ အဆင့်မှီမှီ ဒေါင်းလုပ် အပ်လုပ် မှီတာကတော့ မြန်မာ့ဆက်သွယ်ရေးရုံးလား၊ စာတိုက်ရုံးလား မသိဘူး။ အဲဒီရုံးက မြို့တော် ခန်းမ ကနေပြီး အရင် ပတ်စပို့ရုံးကို သွားရာ လမ်းမှာ ရှိပါတယ်။ စက်တွေ အသေလေးနေပြီး အင်တာနက်စပိကတော့ ဒေါင်းတာ၊ အပ်ပလုပ် လုပ်တာ အရမ်းမြန်ပါတယ်။ ကျနော် ရှိစဉ်ကပြောတာနော်.. အခုတော့ အရင်လို ကောင်းသေးသလား မသိပါဘူး။ သုံးတဲ့လူလည်း စပိကောင်းတာ မသိလို့လား... စက်တွေက အရမ်းလေးနေလို့လားတော့ မသိဘူး။ သိပ်မရှိပါဘူး။ ဈေးကလည်း သူများထက် နည်းနည်းတော့ များပါတယ်။ ဒီဆော့ဝဲက Portable Software ပါ။ အင်စတော လုပ်ရန်မလိုပါ။ ဆိုဒ်တစ်ခုလုံးမှာ ရှိတဲ့ ရေးထားသည်များ ပို့စ်များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။ သို့သော်..သို့သော်.. အင်တာနက် စပိကတော့ နည်းနည်း ဝီးဝီးထဖို့ လိုပါမယ်။

PhotoShop CS6 Portable 64 Bits

ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ 64 ဘစ် အတွက်ပါ။

PhotoShop CS6 Portable 32 Bits

ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ Computer System 32 Bits အတွက်ပါ။

Monday, 3 December 2012

Windows Repair All in One Portable

Windows Repair (All-in-One) Portable is the portable version of Windows Repair.  This version allows you to use the program from a portable device such as a USB flash drive. This tool will allow you to repair common issues with your computer such as firewall, file permission, and Windows Update problems.  When using this tool you can select the particular fixes you would like to launch and start the repair process
Click here to download it.

Folder Size Indicatitor

Folder Size is a tool that displays how much hard disk space every folder on a drive is using.  This allows you to quickly find out what folders are using the most space in the event that you run out of storage on a particular partition.  Folder Size also contains numerous other features such as different display charts, various sorting options, and support for CDROM, USB, and floppy media.
Click here to download it.

AdwCleaner

Virus အမျိုးအစား တစ်ခုဖြစ်တဲ့ Adw ဖိုင်တွေကို ရှင်းလင်းပေးပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Google Earth Pro 6.00.900 Full Version

Google Earth ဆိုသည်မှာ ဂေါ်ဂယ်ဟု အမည်ရသော အလွန်တရာလှပသော မော်ဒယ်ကောင်မလေးတစ်ယောက်၏ ဂျီမေးအကောင့်ကို အက်လုပ် လိုက်ခြင်းဖြစ်သည်။ ပေါက်ကရ ရေးကြည့်တာပါ။ ၄င်းကို ဒေါင်းလုပ်ဆွဲပြီး မိမိ လိုရာ နေရာဒေသ အသီးသီးကို အင်တာနက်မှ ဗျူး ကြိုက်သလောက် ဆွဲ၍ ကြည့်နိုင်သည်။ တခါတရံမှာ ကိုယ့်မြို့ ကိုယ့်ရွာကို လွမ်းရင်လည်း သွားကြည့်လို့ ရတာပေါ့။ တချို့ တချို့သော မြို့တွေဆိုလျှင် မြေပြင်မှာ ဆင်းပြီး လျှေက်သလိုမျိုးပါ ကြည့်လို့ ရပါတယ်။ ကျနော်တို့ နိုင်ငံကတော့ နေရာတိုင်းမှာ မရပါ။ ဥပမာ သင်ဟာ စင်္ကာပူက လိပ်စာ တစ်ခုကို ရပြီး ရိုက်ထည့်ပြီး ရှာကြည့်မယ်ဆိုရင် ၄င်း လိပ်စာရှိရာကို တည့်တည့်မတ်မတ် ကြည့်နိုင်ရုံသာမက ၄င်းလိပ်စာ၏ ဝန်းကျင်ကိုပါ မြေပြင်မှ ဆင်းပြီး လမ်းလျှောက်သလိုမျိုးပါ ကြည့်လို့ ရပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Windows 8 USB Installer Maker

ဟိုအရင် ဝင်းဒိုး 7 တုန်းကဆိုလျှင် ကျနော်တို့တွေ CMD တွေရိုက်ပြီး USB ထဲကို ဝင်းဒိုး ထည့်ပြီး ကွန်ပြူတာတွေကို ဝင်းဒိုးတင်နိုင်ဖို့ ကိုယ့်ဘာသာ လိုအပ်သလို ရေးခဲ့ကြရတယ်။ အခုတော့ မလိုတော့ဘူး။ အခုဆော့ဝဲလ်လေးကို သုံးပြီး သူ့ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက် လုပ်လိုက်ရုံပါပဲ။ ပုံနှင့်တကွ PDF ဖိုင်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ MMITD ဆိုဒ်မှ တွေ့ရလို့ ခပ်တည်တည်နဲ့ ကောက်တင်လိုက်ပါတယ်။
လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပြီး မြည်းစမ်းကြည့်ပါ။
အထက်က နေရာမှာ မရလျှင် ဒီမှာ ဒေါင်းယူပါ။

Sunday, 2 December 2012

PC_Tools_Registry_Mechanic_2011

ရီဂျစ်စတီမှာ မှားယွင်းသွားမှု့များကို အလိုလျှောက် ပြင်ပေးတဲ့ ဆော့ဝဲလ်ပါ။ အလိုလျှောက်ဆိုပေမဲ့ ကိုယ်က ဖွင့်ပြီး လိုအပ်တာလေးတွေကိုတော့ နှိပ်ပေးရမှာပေါ့။ ကီးဖိုင်လေးတွေကိုလည်း ထည့်ပေးထားပါတယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Nero 12

နီယိုကို သူ့ရဲ့ မူရင်းဆိုဒ်မှာ သွားပြီး ဒေါင်းလုပ် ရယူလိုက်ပါ။ ဒီနေရာကို နှိပ်ပြီး သူ့ရဲ့ မူရင်းဆိုဒ်မှာ ကိုယ့်ရဲ့ အီးမေးလိပ်စာလေး ထားခဲ့ပြီး Trail Version အနေနဲ့ ဒေါင်းပြီး အင်စတော လုပ်လိုက်ပါ။ အင်စတော လုပ်ပြီးလျှင် အောက်မှာ Registry ကို ဒေါင်းပြီး သက်ဆိုင်ရာ အင်စတောလုပ်ရာကို ထည့်ပြီး ရမ်းလိုက်ပါ။ ဖူးဗားရှင်း ဖြစ်သွားပါမယ်။ Registry ကို ဒီနေရာမှာ နှိပ်ပြီး ဒေါင်းယူပါ။

Saturday, 1 December 2012

သင်က ဘာလဲ!!!


မိန်းကလေးတစ်ယောက်တည်းပဲ သင့်ကိုချစ်ရင် သင်ဟာခင်ပွန်းဖြစ်တယ်။

မိန်းကလေးတချို့ သင့်ကိုချစ်ရင် သင်ဟာယောက်ျားဖြစ်တယ်။

မိန်းကလေးဆယ်ယောက် သင့်ကိုချစ်ရင် သင်ဟာ ရှင်ဘုရင်ဖြစ်တယ်။

မိန်းကလေးအယောက်တစ်ရာ သင့်ကိုချစ်ရင် သင်ဟာအဆိုတော်/မင်းသားဖြစ်တယ်။

မိန်းကလေးအယောက်တစ်ထောင် သင့်ကိုချစ်ရင် သင်ဟာ သူရဲကောင်းဖြစ်တယ်။