Benner

Monday 30 July 2012

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်။


 (Ten Warning Signs of Paralysis)

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

သူတော်ကောင်းတို့၏ စိတ်ထားများ


သူ တော် ကောင်း တို. ၏ စိတ် သ ဘော ထား***

" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "

... " ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "

" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "

" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "

Thursday 26 July 2012

မိမိကွန်ပြူတာကို မြန်အောင်၊ ပိုပြီး အလုပ်လုပ်အောင် ပြုလုပ်ခြင်း

ကွန်ပြူတာနဲ့ ဆော့ဝဲအမြင့်စားများ၊ ဗွီဒီယိုကို ရီဆိုလူးရှင်းနှင့် ကြည့်တာများလာပါက ကွန်ပြူတာရဲ့ Windows Experience ကျသွားတာကို တွေ့ရပါမယ်။ မိုင်ကွန်ပြူတာကို Right Click နှိပ်ပြီး Properties ကို ကလစ်ပါ။ ထိုနောက်..Windows Experience Index ကိုနှိပ်ပါ။ အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မည်။ ပြီးလျှင် Re-run the assessment ကိုနှိပ်ပြီး အောက်ပါ ပုံအတိုင်းလုပ်ဆောင်လိုက်ပါက ဟိုး..း ..း အောက်ကပုံအတိုင်း ပြောင်းလဲသွားပါလိမ့်မယ်။
မပြုပြင်မှီပုံ...

Wednesday 25 July 2012

ဘုန်းကြီး၊ ရဟန်းများ လိုက်နာရသော ၂၂၇ သွယ်သော ၀ိနည်း ၁


ဝိနယ - ၀ိနည်း


“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်

“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။


အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး

၁။ ဂရုကအာပတ် ၂မျိုး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုး

ဘုန်းကြီး၊ ရဟန်းများ လိုက်နာကျင့်သုံးရသော ၂၂၇ သွယ် သိက္ခာပုဒ်များ ၂




(သုရာပါန၀ဂ်)
၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)

Monday 23 July 2012

Computer Problems များ ဖြေရှင်းနည်းများ (မြန်မာလို)

အခုအချိန်ကစပြီး ဘယ်သူ့ကိုမှ မေးနေစရာ မလိုတော့ပါဘူး။ ဘာပဲ ဖြစ်လာ ဖြစ်လာ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပြီလို့ ယူဆလိုက်ပါတော့။ ဝင်းဒိုး အိပ်စပီမှ ဝင်းဒိုး ဆဲဗင်း အထိ ရေးထားပါတယ်။ ကိုယ့်ဘာသာ စာအုပ်ကို ကြည့်ပြီး ဖြစ်လေ့ရှိတဲ့ ပြဿနာကို မိမိဘာသာ ဖြေရှင်းနိုင်ပါပြီ။ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့အတူပါတဲ့ အကြောင်းအရာလောက် ကြည့်လိုက်တာနဲ့.... ဟာ ငါ့ကွန်ပြူတာမှာ ဖြစ်နေတဲ့ ဟာတောင် ရေးထားပါလားလို့ အံသြတကြီး ဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ကွန်ပြူတာ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းနဲ့ သိပြီး ဖြေရှင်းနိုင်ရန်အတွက် ဒီစာအုပ်ဟာ အထောက်အကူ ပြုပါလိမ့်မယ်။ ၁၆၀၀၀ ကွန်ပြူတာ ပြဿနာများလို့ ရေးထားပါတယ်။ အထူးသဖြင့် ကွန်ပြူတာတွေကို ပြုပြင်၊ ဖြုတ်တပ်၊ လဲလှယ် အစားထိုးပြီး ရောင်းဝယ် ဖြတ်စား လုပ်တော့မယ့် ကျနော့်အစ်ကိုကြီး ကိုဂျက်ဖရီအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ကွန်ပြူတာ ရှိသူတိုင်း ဖတ်ရှု့ လေ့လာသင့်တဲ့ စာအုပ်လို့ ပြောလို့ ရပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့ မပြောပါနဲ့၊ ကိုယ့်လို မသိသေးတဲ့လူကို ပေးဖတ်မျှဝေပြီး ကုသိုလ် ယူနိုင်ကြပါစေဗျာ။
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Sunday 22 July 2012

Unlocker ဖျက်လို့ မရသော ဖိုင်များ ဖိုဒါများကို ဖျက်ဖို့အတွက်

အချို့ အချို့သော ဖိုင်များ ဖိုဒါများဟာ မိမိကွန်ပြူတာထဲမှာ ဖျက်ပေမဲ့ ဖျက်လို့ မရတာတွေကို ကြုံဖူးမှာပါ။ ဖျက်လို့ မရသော ဖိုင်များကို ဖျက်ရန်အတွက် အောက်ပါ အန်လော့ကာကို သုံးပြီး ဖျက်နိုင်ပါတယ်။ ဖျက်လို့ မရသော အကြောင်းရင်းကတော့ မိမိဖျက်တဲ့ ဖိုင်ဟာ တစ်နေရာရာမှာ အလုပ်လုပ်နေလို့ ဖြစ်ပါတယ်။ ဆော့ဝဲလ်လေးက သေးပါတယ်။ ၄င်းက တစ်နေရာရာမှာ အလုပ်လုပ်နေခြင်းကို ရပ်တန့်စေပြီး ဖျက်ပေးပါတယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Speecy

သင့်ကွန်ပြူတာမှာ စီပီယူက ဘယ်လောက် အပူချိန်ရှိနေတယ်။ မားသားဘုတ်က အပူချိန်၊  ဟတ်ဒွက်တွေရဲ့ အပူချိန် စသည်တို့ကို သိရှိလိုပါက ဒီဆော့ဝဲလ်ကို သုံးပြီး ကြည့်နိုင်ပါတယ်။ ကိုယ့်စက်မှာ တပ်ဆင်ထားတဲ့ ကဒ်အမျိုးအစားနှင့် ထုတ်လုပ်တဲ့ ကုမ္မဏီ စသည်ဖြင့် အသေးစိတ် ဖော်ပြပါတယ်။         ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

ပိန်လိုသလား၊ ဝလိုသလား


ပိန်နေသူများ ၀စေသည့်နည်း
ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

Saturday 21 July 2012

ဖွင့်ရာ ပိတ်ရာတွင် လေးနေသော ကွန်ပြူတာများအတွက်..

ပထမဦးစွာ.. ဒေါင်းလုပ် ရယူပါ။ ပြီးလျှင် ထိုအရာကို ရမ်းလိုက်ပါ။ ပြီးလျှင် အောက်ပါ စာတမ်းလေးများ ပါသော အကွက်လေးများတွင် မှတ်ကင် ပေးပြီး ဂိုးကို နှိပ်လိုက်ပါ။ သင့်ကွန်ပြူတာ အရင်ကထက် ပိုမြန်လာပါလိမ့်မယ်။ စစ်စတမ် ကလင်နာ ဆော့ဝဲများ၊ ကျူးအပ်များကို သုံးထားသည့်တိုင်အောင် လေးနေသော ကွန်ပြူတာ ပိုင်ရှင်များအတွက် ရည်ရွယ်ပါတယ်။ စမ်းကြည့်လိုက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။

•Flush DNS
•Report IE Proxy Settings
•Reset IE Proxy Settings
•Report FF Proxy Settings
•Reset FF Proxy Settings

Friday 20 July 2012

Laptop, Notebook, Net book, Tablet PC ကွဲပြားခြားနားချက်များ



လက်ပတော့ ဆိုတာက Notebook နဲ့ တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီး ကို ကွဲပြားပါတယ်။ ထုထည်အရွယ်အစားက အစပေါ့ဗျာ။Portable Computer လို့ ကျနော် တို့ ပြောကြ တဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ... Laptop က ထုထည်ကြီးမားမှု ရှိပြီး .. Performace အရည်အသွေးအားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါ တယ်။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီး ပါးလောက် ခေါ် ဆို သမုတ်လာခဲ့ကြပါတယ်။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ် လို့လဲ ပြောလို့ ရပါတယ်။

Phone များနှင့်ပတ်သက်သောအမေးအဖြေများ



ကျနော်ရေးထားတာ မဟုတ်ပါဘူး။ အဲသလောက်လည်း ထွေထွေထူးထူး မသိပါဘူး။ သူများရေးထားတာကို တွေ့လို့ တင်လိုက်ပါတယ်။iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့် အခြား Application တွေထည့်လို့မရတာ ဘာကြောင့်ပါလဲ။

iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေထည့်လို့မရနိုင်ပါဘူး။ တစ်ခါတစ်လေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရယုံအတွက် Sim Card Lock ကိုပဲဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။ အခြား iPhone Application တွေကို ထည့်ချင်တယ်ဆို ရင်တော့ ဖုန်းကို modified လုပ်သလိုမျိုး jailbreak ပြန်လုပ်မှရပါမယ်။ ဒါမှ Application တွေကို ထပ်ထည့်နိုင်မှာပါ။

Adobe Photoshop CS3 Portable

အရင်က သူများလင့်က တင်ထားတဲ့ အတွက် အဆင်မပြေဘူးဗျာ။ တော်တော်များများကလည်း ဒေါင်းလို့ အဆင်မပြေလို့ ပြောလာပါတယ်။ အခုဟာကတော့ ကိုယ့်ဘာသာ တင်ထားတဲ့ အတွက် သေချာပါတယ်။  ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ စုစုပေါင်း ဖိုင်ဆိုဒ် ၄၇.၆ မီဂါဗိုက် ရှိပါတယ်။ အထက်ပါ လင့်မှာ အဆင်မပြေက ဒီမှာ ဒေါင်းလုပ် ရယူပါ။

Adobe Photoshop CS3 Portable

အရင်က သူများလင့်က တင်ထားတဲ့ အတွက် အဆင်မပြေဘူးဗျာ။ တော်တော်များများကလည်း ဒေါင်းလို့ အဆင်မပြေလို့ ပြောလာပါတယ်။ အခုဟာကတော့ ကိုယ့်ဘာသာ တင်ထားတဲ့ အတွက် သေချာပါတယ်။  ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ စုစုပေါင်း ဖိုင်ဆိုဒ် ၄၇.၆ မီဂါဗိုက် ရှိပါတယ်။ အထက်ပါ လင့်မှာ အဆင်မပြေက ဒီမှာ ဒေါင်းလုပ် ရယူပါ။

Thursday 19 July 2012

ကွန်ပြူတာ သုံးသူများ အားလုံးအတွက် မျက်လုံး ကျန်းမာရေး


ခု ခေတ်မှာ ကွန်ပြူတာသုံးတဲ့သူ အရမ်းများတယ်နော်။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့ ကြုံရပြီပေါ့။ ကွန်ပြူတာအသုံးများလွန်းရင် မျက်စိက အများကြီးဒဏ်ခံရပါတယ်။ မျက်လုံးတွေေ၀၀ါးလာမယ်၊ ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊ မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုးကိုက်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ်၊

Wednesday 18 July 2012

ဘုရားရှိခိုး အမျိုးမျိုး နှင့် သီလယူနည်း မျိုးစုံ (၅၊ ၈၊ ၉၊ ၁၀ ပါးသီလ)

ဘုရား ရှိခိုး အမျိုးမျိုးနှင့် ရပ်ဝေးရောက် အမိနိုင်ငံနှင့် ဝေးနေသူများ မိမိဘာသာ ဥပုသ်သီလ စောင့်တည်လိုသူများ ယခုစာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံရေးထားပါတယ်။ ဖွင့်ဆိုချက်များ အပါအဝင်ပေါ့။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ။

Softwares များကို ဖူးဗားရှင်းဖြစ်အောင် လုပ်နည်းများ


(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်း ပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိ တတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါ မယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့ သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက် မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ် ဆိုပြီး ရွေးချယ်ခွင့်ပေး ရသေးပါတယ်။

Tuesday 17 July 2012

The Best MP3 Cutter (Very Small, Thin and perfect)

Click here to download it.

ကူညီခြင်း


တညနေ ဂေါက်ကွင်းမှ အပြန် လမ်းနဘေး ကွင်းပြင်တွင် လူနှစ်ဦး မြက်စားနေသည်ကို တွေ့မြင်လိုက်၏။
အခြေအနေကို စုံစမ်းရန် ကားမောင်းသမားကို ချက်ချင်း ကားရပ်ဖို့ အမိန့် ပေးလိုက်သည်။

“ဟေ့ လူတွေ ခင်ဗျာတို့ ဘာလို့ မြက်တွေ စားနေရ တာလဲ။”

အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ဆင်းရဲသား တယောက်က

“ဟုတ်ကဲ့ Boss ကျနော်တို့မှာ ဘာမှ စားစရာ မရှိတော့လို့ပါခင်ဗျာ”

ဟု သနားဖွယ် ပြန်ပြောသည်။ Boss က စုတ်တချက်သတ်လိုက်သည်။

“ဒါဆို ကျူပ်နဲ့လိုက်ခဲ့ ကားပေါ်တက်။”

၂၄ ပစ္စည်း အတိုချုပ် ရှင်းလင်းချက်



ပဌာန်းတရားတော်မှ ၂၄ ပစ္စည်းပဌာန်း အဓိပ္ပါယ်အကျဉ်းချုပ်
(ကုသိုလ်ပွားများနိုင်စေရန် Mg Mandalay )

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ် )
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု၊ အာရမ္မဏခေါ် )
အဓိပတိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ် )

များများ ခံစားတတ်သူများသို့!!!


          ယခု ဗွီဒီယို ကို ကြည့်ပြီး သင့်ရင်ထဲတွင် တစ်စုံတစ်ခု မကျန်ရစ်ခဲ့ဘူးဆိုလျှင် သင်ဟာ ခံစားချက် မဲ့သူ တစ်ယောက်ဆိုတာ သေချာနေပါပြီ။ ဒီ ဝမ်းနည်းဖွယ် ဖြစ်ရပ်မှန် သီချင်းလေးကို တင်လိုက်တာ တော်တော်ကို ဆိုဒ်က လေးသွားတယ်ဗျာ။ အဲဒါကြောင့် တခြားနေရာမှာတင်ထားလိုက်တယ်။ စိတ်ဝင်စားရင်တော့ ဒေါင်းကြည့်ပေါ့ဗျာ။ ဒီနေရာကို နှိပ်ပြီး ဒေါင်းလိုက်ပါ။

Friday 13 July 2012

Registry Error

ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ စက်တစ်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ထူးထူးခြားခြား ပြဿနာပါ။ ဘယ်လိုမှ အဖြေရှာလို့ မရခဲ့ဘူး။ ဘယ်လိုဖြစ်တာလဲ ဆိုတော့... ဘယ်ဆော့ဝဲကိုပဲ ဖွင့်ဖွင့် Internet Explore ပဲ ပွင့်ပွင့်နေတယ်။ ဘယ် Application ကိုမှ ဖွင့်လို့ မရခဲ့ဘူး။ တွေးမိတာကတော့ ထုံးစံအတိုင်း ဗိုင်းရပ်ကြောင့်ပေါ့။ Computer Forums တော်တော်များများကို ဒီပြဿနာအတွက် မေးမြန်းခဲ့ပေမဲ့ အဖြေတွေက တလွဲတွေချည်းပါပဲ။ ကျနော် မေးတာနဲ့ သူတို့ နားလည် သဘောပေါက်တာနဲ့ ကွဲလွဲနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ http://www.bleepingcomputer.com Forum က ကျနော်ပြဿနာအတွက် ဖြေရှင်းပေးခဲ့ပါတယ်။

CCleaner Latest!!!

ကွန်ပြူတာရဲ့ သန့်ရှင်းရေး အနေနဲ့တော့ ဒီဆော့ဝဲလ်လေးကို ကြိုက်ပါတယ်။ အင်တာနက်မှာ ရှာဖွေဖတ်ရှု့ခဲ့သော Temp file, Cache file, History link, Run command history, ..etc စသည်တို့ကို ရှင်းလင်းပေးပါတယ်။ ကွန်ပြူတာရဲ့ အချို့အချို့သော ချို့ယွင်းမှု့များကိုလည်း ပြုပြင်ပေးပါတယ်။ သူ့ရဲ့ အရေးပါမှု့ကို ကွန်ပြူတာ အသုံးပြုသူတိုင်းလိုလိုရဲ့ စက်တိုင်းမှာ တွေ့ရပါလိမ့်မယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Thursday 12 July 2012

Microsoft Office အတီဗိတ်တာ

အရင်တစ်ခါက တင်ဖူးပါတယ်။ တင်ထားတဲ့ဟာကို အမေရိကန်မှာ ရှိတဲ့ အင်တာနက်ဆိုင်ရာ လုံခြုံရေးက ကျနော်တင်ထားတာဟာ ကော်ပီရိုက် ဥပဒေအရ ဘာညာဘာညာ စာတမ်းတွေပို့ပြီး သုံးလို့ မရအောင် လုပ်ပစ်လိုက်ပါတယ်။ အခု အသိတစ်ယောက်က တောင်းလာတာနဲ့ နောက်ထပ်တွေ့ရှိတဲ့ သူတို့ မဖျက်သေးတာကို ထပ်တင်ပေးလိုက်ပါတယ်။ အောဖစ် ၂၀၀၃.. ၂၀၀၇..၂၀၁၀ တို့ကို ကောင်းကောင်း ရီဂျစ်စတာ ဖြစ်အောင် လုပ်ပေးပါတယ်။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။ ကီးတွေ ဘာတွေ မလိုပါဘူး။ ၂.၁ မီဂါဗိုက်ပဲ ရှိပါတယ်။ ရမ်းလိုက်လျှင် သင့်စက်မှာ တင်ထားတဲ့ အောဖစ် အမျိုးအစားကို ရွေးပြီး အတီဗိတ် လုပ်လိုက်ရုံပါပဲ။ အခုတင်ထားတာကိုတော့ အီးလို မရေးရဲလို့ မြန်မာလို့ပဲ ဖိုင်အမည်ကို ပေးထားပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Gtalk မှာ အိယောင်ဝါးဖြစ်နေသော စာလုံးများကို ဘာသာပြန်ပေးဖို့



Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပြီးတော့ အသုံးပြုနိုင်ပါတယ်။ gtalk ကို ဒီနေရာ ကိုနှိပ်ပြီးလည်း ဒေါင်းလုပ် ရယူနိုင်ပါတယ်။

အသုံးပြုပုံမှာ en2my@burmesecloud.net အကောင့်ကို မိမိ၏ Gtalk အကောင့်တွင်ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတိုင်း မိမိသိလို့သည့် အင်္ဂလိပ် meaning ကို ရိုက်ထည့်ပေးလိုက်လျှင် မြန်မာဘာသာသို့ Auto Reply ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ယခင် en2mm@mmgeeks.org အကောင့်များအသုံးပြုရန် အဆင်မပြေသူများလည်း ယခု en2my@burmesecloud.net ကို Add ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ အဆင်ပြေပါစေဗျာ။ အဆင်မပြေလျှင် သင်လုပ်တာ မှားနေလို့ပါ။ မှားလို့ အဆင်မပြေရတာပေါ့နော်။
နောက်ထပ် အသစ်တစ်ခုကတော့ m4mmsy@appspot.com ကို သင့်ဂျီတော့မှ သင့်သူငယ်ချင်းကို အင်ဗိုက်လုပ်သလိုမျိုး လုပ်လိုက်ပါ။ အဆင်ပြေစွာနဲ့ ဘာသာပြန်နိုင်ပါပြီ။

Wednesday 11 July 2012

မိန်းကလေးများ အကုန်လုံး သင့်ခြေရင်းမှာ ကြွေကျသွားစေမဲ့ စကားလုံးများ


(၁)ကောင်လေး။ ။ ကျွန်တော် လမ်း မေးလို့ရမလား?

ကောင်မလေး။ ။ ဘယ်သွားမလို့လဲ...။

ကောင်လေး။ ။ မင်းရဲ့ ရင်ထဲ ကို...။ ...

(၂) ကောင်လေး။ ။ နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်။

ကောင်မလေး။ ။ ဘာဖြစ်လို့ညောင်းရမှာလဲ...။

ကောင်လေး။ ။ နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။

Monday 9 July 2012

Install Windows 7 with your USB Strick

ဒီနေရာမှာ ဆော့ဝဲလ်ကို ဒေါင်းလုပ် ရယူပါ။ အောက်ပါအချက်များကို လုပ်ရန်မလိုအပ်တော့ပါ။

How to Install Windows 7 with USB Strick?!!!
ဝင်းဒိုး ၇ ကို သင့်၏ ယူအက်စ်ဘီ စတစ်ဖြင့် တင်လိုပါက အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။ ၁၀၀% အောင်မြင်ပါလိမ့်မယ်။ အဆင့်တွေတော့

မကျော်နဲ့ပေါ့နော်။ အဓိက လိုအပ်ချက်များကတော့
၁. 4GB, 8GB USB Strick (Minimun storage drive is 4GB)
၂. သင့်စက်ထဲတွင် Winrar ထည့်ထားရပါမယ်။
၃. Windows 7

အောက်ပါ အဆင့်များအတိုင်း လုပ်ရပါမယ်။

Virus Alarm


အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်ထုတ်ပြန်မနှစ်ကကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ GLOBAL VIRUS တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Saturday 7 July 2012

Cookies and Temporary Files ဆိုတာ ဘာပါလိမ့်!!!

Cookies, Temporary files, 

Cookies ဆိုတာ ဘာလဲ!!!
Cookies ဆိုတာဟာ ကွန်ပြူတာထဲမှာ အလုပ် လုပ်နေတဲ့ Application Files အမျိုးအစားတစ်ခုတော့ မဟုတ်ပါဘူး။ ကွန်ပြူတာထဲမှာ ရှိတဲ့ Internet Browser များက ဖွင့်ခဲ့သော စားသားအချို့၊ ဆိုဒ်အချို့ရဲ့ လိပ်စာ အကြောင်းအရာများကို သင့်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် အော်တိုသိအောင် အော်တို ဆေ့ထားတဲ့ ဖိုင်အမျိုးအစား အငယ်စားများကို ခေါ်ပါတယ်။ ဥပမာ သင်က သင်စိတ်ဝင်စားသော ဆိုဒ်တစ်ခုကို ဖွင့်ဖတ်ပြီး ပြန်ပိတ်လိုက်တယ်။

Thursday 5 July 2012

Gtalk Virus

တခြားလူနဲ့ ပြောဖို့အတွက် ဂျီတော့ ဖုန်းခေါ်လိုက်တာနဲ့ အင်တာနယ် အယ်ရာ ဆိုပြီး ဂျီတော့မှာ ပေါ်လာပြီး ရက်စ်နဲ့ နိုး နှစ်ခုပြလာပါတယ်။ ကြိုက်ရာကို နှိပ်လိုက်ပါ။ သင့်ဂျီတော့ ကျသွားပါလိမ့်မယ်။ အကယ်၍ သင့်ကွန်ပြူတာမှာ အဲဒီလိုဖြစ်လာပြီဆိုလျှင် သေချာပါတယ်။ Fixprivatecam ခေါ်  Gtalk Virus  ရောက်နေလို့ပါ။ အဲဒီလိုမျိုး ကြုံတွေ့လာမယ်ဆိုလျှင် ဒီကောင်လေးကို ဒေါင်းပြီး ရမ်းလိုက်ပါ။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။
         သင့်စက်မှာ အန်တီရှိနေလင့်ကစား ၄င်းက ဗိုင်းရပ်အဖြစ် ရပ်တည်ခြင်းမရှိဘဲ System file တစ်ခုလိုမျိုး ပြုမူနေထိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးကို ရမ်းလိုက်မှ သင်တင်ထားတဲ့ အန်တီဟာ သဘောပေါက်ပြီး သတ်ပေးပါလိမ့်မယ်။

Virus များအကြောင်း

သူများရေးထားတာကို တွေ့တာနဲ့ ကောက်တင်လိုက်တာပါ။ ဗဟုသုတပေါ့။
စိတ်ဝင်စားမယ်ဆိုလည်း ဖတ်ကြည့်ပေါ့။ သိထားသင့်သော အကြောင်းအရာများပါပဲ။ ဒီနေရာမှာ ဖတ်ရန်အတွက် ဒေါင်းလုပ်ရယူပါ။

Tuesday 3 July 2012

စာလုံးများကို ဘဝပြောင်းခြင်း

အခုနောက်ပိုင်းမှာ နည်းပညာပိုင်းမှာ လုပ်ဆောင်ပြီး ဦးဆောင်တီထွင်မှုတွေနဲ့ ရှေ့ကနေပြီး လမ်းပြနေတဲ့ လူအများစုဟာ မြန်မာ၃၊ myanmar3 font ကို တီထွင်ခဲ့ကြတာ တော်တော်လေးတော့ ကြာနေပါပြီ။ ဒါပေမဲ့ ဇော်ဂျီဝမ်းနဲ့ အသားကျနေတဲ့ မြန်မာနိုင်ငံသား အများစုဟာ သူတို့ရဲ့ ဗျူဟာနောက်ကို အတိအကျနဲ့ မလိုက်နိုင်သေးပါဘူး။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာမှာတော့ မြန်မာ၃ဟာ မြန်မာပြည်ကို ကိုယ်စားပြု စာလုံးဖောင့်အဖြစ် သတ်မှတ်ခဲ့ပြီးပါပြီ။ ထို့ကြောင့် မြန်မာ၃ နဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တစ်ချို့ကို အခြားလူမျိုးများသုံးနေတဲ့ ကွန်ပြူတာများမှာလည်း ဇော်ဂျီဝမ်းတွေ ဘာတွေ ထည့်မထားသည့်တိုင်အောင် ကျနော်တို့ ဖွင့်ကြည့်လို့ ရနေပါတယ်။ Windows 7 လည်း တင်ထားမယ် ဆိုရင်ပေါ့။

Monday 2 July 2012

အတုယူစရာလေးတွေ

                အောက်ပါပုံများကို အသေးစိတ်ကြည့်လိုက်ပါ။ ကျနော်တို့ နိုင်ငံနဲ့ သူတို့ရဲ့ ပြုမူနေထိုင်ကြတာလေးတွေကို ထူးထူးခြားခြား တွေ့ရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံမှာဆိုရင် ကလေးတွေ မဆော့ရဲအောင်၊ လူထူထူရှိရင် မရှုပ်အောင် မာန်မဲ ထားတတ်လေ့ရှိပါတယ်။ အခုတွေ့ရတဲ့ နေရာမှာတော့ သူတို့တွေဟာ ကလေးတွေကို လူကြီးတွေထက် အလေးထားပြီး ဆက်ဆံတာကို တွေ့ရပါတယ်။ ကျနော်တို့ဆီက ဆော့တဲ့ ကလေးကို လူကြီးများက ဆဲဆို ရိုက်နှိပ်လေ့ ရှိပေမဲ့ ဒီဒေသမှာတော့ ကလေးတွေကို ဆော့နိုင်သမျှ ကဲနိုင်သလောက် ကဲလို့ရအောင် ပွဲတောင် လုပ်ပေးလိုက်သေးတယ်။ ကလေးများအတွက် သီးသန့်ပွဲပေါ့။ ဥာဏ်ရည်မြင့်မားအောင် အတွက် အဖြေကို ကိုယ့်ဘာသာ ရှာအောင်၊