Benner

Friday 29 June 2012

မိန်းကလေးများသာ ဖတ်ရန်တဲ့!!!

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန် ရေးသားချက်များ


       သင်္ဘောသားတစ်ယောက်ရဲ့ ပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ တွေ့ကြုံခဲ့ရပြီး အသက်လုခဲ့ရပုံများကို စိတ်လှုပ်ရှားဖွယ် ရေးသားထားပါတယ်။ တော်တော်လည်း စိတ်ဝင်စားဖို့ကောင်းပြီး ငါ သင်္ဘောလိုင်း မလိုက်မိတာတောင် ကံကောင်းပါလားဆိုပြီး တွေးလာပါလိမ့်မယ်။ တစ်ခါတရံတော့ ကျနော်တို့တွေ စိတ်ကူး ယာဉ်ကြည့်ခဲ့ကြဖူးတယ် မဟုတ်လား။
       ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….. ထိုအချိန် “ ဒုန်း! “ ကနဲ အသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာခေါင်းနပန်းတွေကြီးကုန်ကြသည်..….

Wednesday 27 June 2012

Copy Protect Your Blog


1. Sign in your blog!
2. Go to Layout!
3. Add a gadget > HTML Java Script
4. Copy and paste below code.
5. Save it.

<script language=javascript>
<!--


//Disable right mouse click Script
//For full source code, visit http://www.thityaraik.blogspot.com


var message="Function Disabled!";

Start Menu တွင် Run Box ပေါ်စေဖို့

ကျွန်တော်တို့ သုံးခဲ့တဲ့ ဝင်းဒိုး XP မှာ ဆိုလျှင် စတတ် မီနူးကို နှိပ်လိုက်လျှင် Run Box ဟာ တခါတည်း ပါပြီးသား။ Run Box ပေါ်လိုလျှင် Windows Key + R ဆိုတာကို နှိပ်လျှင် ပွင့်တယ်ဆိုတာကို အားလုံးလို သိပြီးသား။ အခုပြောလိုတာကတော့ စတတ်မီနူးမှာ Run Box စာတမ်းပေါ်နေစေဖို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုပါ။ သိပြီးသူ တော်တော် များပါလိမ့်မယ်။ အကယ်၍ မသိသေးဘူးဆိုရင်တော့ ဆက်ဖတ်ပေါ့နော်။  Task Bar ကို Right Click နှိပ်ပြီး ပရောပါးတီးကို နှိပ်ပါ။ စတတ်မီနူးဆိုတဲ့ တက်ကို နှိပ်ပြီး Custmize ကို နှိပ်ပြီး သင်ပေါ်လိုသော Run Box ကို မှန်ခြစ် ခြစ်ပေးလိုက်ပါ။ အဆင်ပြေပါပြီ။

Tuesday 26 June 2012

ဘာအတွက် မာန်တက်နေရတာလဲ


လူတော်တော်များများမှာ အောက်ပါ အရည်အချင်းများ ရှိတတ်ကြတယ်လို့ ဆိုပါတယ်။ သင်ကော ဘယ်အချက်နဲ့ ကိုက်ညီနေပါသလဲ။

(၁) မာန် - မာန်တက်ခြင်း။
(၂) အတိမာန် - အလွန်မာန်တက်ခြင်း။
(၃) မာနာတိမာန် - မာနထက် အလွန် မာန်တက်ခြင်း။
(၄) ဇာတိမာန် - အမျိုးကို စွဲ၍ မာန်တက်ခြင်း။
(၅) ဂေါတ္တမာန် - အနွယ်ကို စွဲ၍ မာန်တက်ခြင်း။
(၆) အာရောဂျမာန် - ရောဂါမရှိသည်ကို မာန်တက်ခြင်း။
(၇) ယောဗ္ဗနမာန် - အရွယ်ကိုစွဲ၍ မာန်တက်ခြင်း။
(၈) ဇီဝိတမာန် - အသက်ရှည်သည်ကိုစွဲ၍ မာန်တက်ခြင်း။
(၉) လာဘမာန် - လာဘ်ကို စွဲ၍ မာန်တက်ခြင်း။
(၁၀) သက္ကာရမာန် - ပူဇာသက္ကာရကို စွဲ၍ မာန်တက်ခြင်း။
(၁၁) ဂရုဂါရ၀မာန် - သူတစ်ပါးတို့ အလေးအမြတ်ပြုသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၂) ပုရက္ခာမာန် - ရှေ့သွားအကြီးပြုရသည်ကို မာန်တက်ခြင်း။
(၁၃) ပရိဝါရမာန် - အခြံအရံများသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၄) ဘောဂမာန် - စည်းစိမ်ဥစ္စာရှိသည်ကို စွဲ၍ မာန်တက်ခြင်း။

Sqlite3.dll Problem

                ကွန်ပြူတာကို စဖွင့်လျှင် ဖွင့်ချင်း စတက်လာကတည်းက ပေါ်ပေါ် လာတတ်ပါတယ်။ အထက်က ပုံမှာ ပြထားတဲ့ အတိုင်းပေါ့။ တခါတရံများတွင် ၄င်းဖိုင်အမျိုးအစားများဟာ System Cleaning Softwares များကြောင့်လည်း ပျောက်တတ်သလို၊ ဗိုင်းရပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ဒီလို ပြဿနာမျိုး ကြုံတွေ့မယ်ဆိုရင် .. ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ။ ဖိုင်ဆိုဒ်က သေးသေးလေးပါ။ ၁ မီဂါဗိုက်တောင် မရှိပါဘူး။ ဖိုင်ကို ဒေါင်းလုပ် ရယူပြီး C > Windows > System32 ထဲတွင် ထည့်ပေးပါက ပြီးသွားပါပြီ။

Monday 25 June 2012

ကိုသက်နိုင်ရဲ့ ကဗျာလေး


" အချစ် နှင့် စာအုပ်စင် "


အချစ် ….
တစ်နေ့တစ်နေ့ သူ့မျက်နှာကို
ကျွန်တော် ဖတ်တယ် ။

သူပျော်ရင် လိုက်ပျော် …
သူငိုရင် လိုက်ငို …
ဘာမဆို သူ့အလိုကျ
Professional Drama တစ်ပုဒ်ကို
တစ်နေ့ချင်း ကျွန်တော်ရေးတယ် ။

တစ်ခုသော စာအုပ်စင်ပေါ်က
ကျွန်တော့်ရဲ့ စာအုပ်လေးတစ်အုပ် ….
တစ်နေ့တစ်နေ့ .. သူ့မျက်နှာတွေကို
ကျွန်တော် ဖတ်တယ် ။

ကျွန်တော့်စိတ်ရဲ့ လိုအပ်နေတဲ့
ကွက်လပ်တွေ …. သူက ဖြည့်တယ် ။
ကျွန်တော့်ရဲ့ ခက်ခက်ခဲခဲ
ပုစ္ဆာတွေအတွက် …
တိကျမှန်ကန်တဲ့ အဖြေတစ်ခု ၊
သူ့မှာ …ရှိနေတတ်တယ် ။

အဖွင့် မျက်နှာဖုံးတစ်ရွက်
အပိတ်ကတ်ထူ တစ်ရွက်ကြား
အတွေးအခေါ်တွေ ပျံဝဲစေရင်း
ကျွန်တော့် အတွေ့အကြုံဘဏ်တိုက်ကို
(သူက …)
ကြွယ်ဝအောင် ဖြည့်တင်းတယ် ။

ဒီလိုနဲ့ ….
ကျွန်တော့်ရဲ့ ဘ၀ Album မှာ …
ပေးဆပ်ရမယ့် အချစ်တစ်ခုနဲ့ ၊
စာအုပ်စင် တစ်ခု ကို …
အသေအချာ .. ခင်းကျင်းထားခဲ့ပါတယ် ။ ။

မိမိရဲ့ ကိုယ်ပိုင်ရေးရာတွေကို ထည့်ထားတဲ့ ဖိုင်လေးတွေကို သော့ခတ်ရအောင်

ဆော့ဝဲလ် သုံးစရာ မလိုပါဘူး။ အောက်ပါ ကုဒ်ကလေးတွေကို အားလုံး ကူးပြီး နုတ်ပက်ထဲမှာ ကူးထည့်လိုက်ပါ။ ပြီးလျှင် သင်သော့ခတ်လိုသော ဖိုင်ရှိရာ နေရာကို locker.bat ဆိုတဲ့ အမည်လေးနဲ့ သိမ်းလိုက်ပါ။ locker ဆိုတဲ့ အမည်လေးနဲ့ ပေါ်နေပါလိမ့်မယ်။ မသိမ်းခင်မှာ အနီရောင်နှင့် ပြထားသော  password here ဆိုတဲ့ နေရာမှာ ဘယ်သူမှ မသိမဲ့ သင့်ရဲ့ ပတ်စဝပ်ကို ရေးထည့်လိုက်ပါ။ Save လုပ်ပြီးလျှင် သင်ဆေ့လိုက်သော ဖိုင်ကလေးဟာ စက်သွားပုံကလေးနဲ့ တွေ့ရပါမယ်။ ၄င်းကို Double Click နှိပ်လိုက်ပါက Private ဟု အမည်ရသော Folder လေးတစ်ခု ကျလာပါမယ်။ ၄င်းဖိုဒါထဲကို သင်သိမ်းဆည်းလိုသော ဘာညာဘာညာများကို ဆွဲထည့်လိုက်ပါ။ ပြီးလျှင်.... locker ဆိုတာလေးကို ကလစ် နှစ်ချက်နှိပ်လိုက်ပါက... သင်ဆေ့မလားဆိုတာကို Y/N yes or no ကို မေးပါလိမ့်မယ်။ သင့်အနေနဲ့ Y ကို နှိပ်လိုက်ပါက မူလက မြင်နေရသော Private Folder လေး ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ် ဖွင့်လိုက Locker လေးကို Double Click နှိပ်ပါက ပတ်စဝပ် တောင်းပါလိမ့်မယ်။
အောက်မှာ
ကူးယူပြီး စမ်းကြည့်လိုက်ပါ။

IDM 6.12 Latest + Patch

ဟိုအရင်က တင်ခဲ့တဲ့ အင်တာနက် ဒေါင်းလုပ် မန်နေဂျာများဟာ လင့်သေနေတာကို တွေ့ရပါတယ်။ အခုဟာကတော့ နောက်ဆုံးထွက်နဲ့ လင့်မသေဖို့ သေချာလုပ်ထားပါတယ်။ ပတ်ခ်ဖိုင်နှင့် ရီဂျစ်စတာ လုပ်ပြီး ဖူးဗားရှင်း ရယူပါ။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Sunday 24 June 2012

အဆင့်မြင့် ဖိုမ ဆက်ဆံရေး ပညာပေး

             အင်တာနက် အသုံးပြုသူတိုင်း အသက် ၁၈ကျော်ပါပြီလို့ ရည်ရွယ်ပြီး အသက်၁၈ အောက် မဖတ်ရတွေ ဘာတွေ မရေးတော့ပါဘူး။ မြန်မာပြည်ရှိ ဆေးပါရဂူ ဆရာဝန်တစ်ဦးက မြန်မာလို ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် ရေးထားတာပါ။ မိန်းကလေး အများစုရဲ့ ဖြစ်စဉ်တွေ၊ အတွင်းကျကျ ရေးထားပါတယ်။ ဟိုဟာ ဒီဟာတွေပါ အပါအဝင် ခရေစေ့ တွင်းကျ ရေးထားပါတယ်။ အချို့ စကားလုံးတွေနဲ့ အကြောင်းအရာများဟာ ကာယကံရှင် မိန်းကလေးများ ကိုယ်တိုင် မသိသေးတာတွေလည်း ပါပါမယ်။ ဓာတ်ပုံများနှင့် တကွ တိတိကျကျ ရှင်းလင်းထားတာ တွေ့ရပါတယ်။ အချစ်ရေးများ၊ အိမ်ထောင်ရေးများ ခိုင်မြဲစေဖို့၊ တွဲလက်တွေ မဖြုတ်စေဖို့ ယခု စာအုပ်လေးကို ဖတ်ကြည့်ပြီး နားလည်ခြင်းများစွာနဲ့ ဆက်ဆံနိုင်ကြပါလိမ့်မယ်။ စာအုပ်ပါ အကြောင်းအရာများအရ.. ကောင်မလေး လိုအပ်မှု့က ၅ အစား အမျိုးသားများက ၃ ကိုပဲ ပေးနေတတ်ကြတယ်လို့ ဆိုပါတယ်။ ကျန်နေတဲ့ ကွက်လပ်နဲ့ မိမိကို ၁၀၀ % လက်ခံဖို့က ကျနော်တို့ မသိသေးတဲ့ အကြောင်းအရာတွေ တော်တော် များများ ရှိပါတယ်။ သိသလိုလိုနဲ့ပေါ့။

၁၀၀ % ကျန်းမာစေဖို့

                     အချိန်လေး နည်းနည်းပေးပြီး ဖတ်စေလိုပါတယ်။ ကွန်ပြူတာသမားတော်တော်များများ အနေနဲ့ အန်တီ ဗိုင်းရပ်တွေတော့ တင်ထားတတ်ကြပါတယ်။ ဗိုင်းရပ်အမည်ရှိသော ခေါင်းစဉ်အောက်တွင် အန်တီ ဗိုင်းရပ်ဆိုတာကတော့ အထင်ရှားဆုံးပေါ့။ ဘယ်သူတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... ကျနော့်အမြင်အရ.. အောက်ပါ ဆော့ဝဲလ်လေး သုံးခုကို ရမ်းထားလိုက်ပါက သင့်ကွန်ပြူတာဟာ လုံခြုံပြီလို့ ပြောနိုင်ပါတယ်။ အမှန်မှာ.. နာမည်ကြီး ကတ်စပါစကီးပဲ ဖြစ်ဖြစ်၊ အဲဘရာပဲ ဖြစ်ဖြစ်...ဖြစ်ဖြစ်..Maleware ဆိုတာကို မသတ်နိုင်ပါဘူး။ Antivirus Program ထဲမှာ Maleware ကို ဗိုင်းရပ်အဖြစ် မသတ်မှတ်လို့ မသတ်နိုင်တာပါ။ ရောက်လာသမျှ Maleware တွေကို သတ်ဖို့ Malewarebyte ကို ဒီနေရာမှာ ဒေါင်းလုပ်ရယူပြီး သင့်စက်မှာ အင်စတော လုပ်ထားပါ။ ထူးခြားချက်တစ်ခုက မဲဝဲလ်ဗိုက်ကို ပုံမှန်လေး အပ်ပဒိတ်လုပ်ပေးရပါမယ်။ အားနည်းချက်က သူ့ဘာသာ အော်တို အပ်ပဒိပ် လုပ်လေ့ မရှိပါဘူး။ နည်းနည်း ဆိုးတာက မကြာခဏဆိုသလို သူအလုပ်လုပ်နေတဲ့ အကြောင်းကို ခဏခဏ အလန်းတက်နေပါလိမ့်မယ်။

Friday 22 June 2012

အင်တာနက်မှ ဇာတ်ကားကောင်းတွေကို လွယ်လွယ်နဲ့ ကြည့်ကြစို့

           အစ်ကို ဂျက်ဖရီအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ သူက ဇာတ်လမ်းကောင်းတွေကို တောင်းနေတာ ကြာပါပြီ။ အခက်အခဲအမျိုးမျိုးကြောင့် (အဓိက..ကတော့ ငွေပေါ့) ကျနော့်ဆီမှာ ရှိတဲ့ ဇာတ်လမ်းကောင်းတွေကို ပို့မပေးနိုင်ခဲ့ပါဘူး။ အခုဆော့ဝဲလ်လေးကို ရမ်းလိုက်ပါ။ ၉ မီဂါဗိုက်ကျော်ကျော်ပဲ ရှိပါတယ်။ အင်စတော လုပ်ပြီးရင် နောက်ဆုံးထွက် ဗားရှင်းရှိပါတယ် သုံးမလားဆိုရင် ငြင်းပယ်လိုက်ပါ။ ရေဒီယိုလည်း နားထောင်လို့ ရပါတယ်။ နိုင်ငံပေါင်းစုံက ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူ နားဆင်နိုင်ပါတယ်။ သို့သော် ထုံးစံအတိုင်း မြန်မာ မပါ။ ရေဒီယိုပဲ နားထောင်လိုသည် ဖြစ်စေ။ ဗွီဒီယို ဘာညာကွိကွပဲ ကြည့်လိုသည်ဖြစ်စေ... နိုင်ငံကို ရွေးပေးရပါမယ်။ နိုင်ငံရွေးလိုက်လျှင် ဆော့ဝဲလ်မှ သူ့ဘာသာ ရှာဖွေ တင်ပြလာပါလိမ့်မယ်။ သင့်အနေနဲ့ နှစ်သက်ရာကိုသာ ကလစ် နှစ်ချက်နှိပ်လိုက်ပါ။
          ဆော့ဝဲလ်ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Thursday 21 June 2012

Laptop Battery ကို နှစ်ဆတိုး၍ အသုံးပြုနိုင်ဖို့


Laptop Battery ကို နှစ်ဆတိုး၍ အသုံးပြုနိုင်ဖို့အတွက် အောက်ပါ ဆော့ဝဲလ်လေးကို သုံးကြည့်ပါ။ သူကတော့ နှစ်ဆလို့ ရေးထားပါတယ်။ နာရီဝက် ကျော်ကျော်တော့ ပိုပြီး အသုံးခံတာကို တွေ့ရပါတယ်။ ကျနော့်စက်ရဲ့ ဘက်ထရီပါဝါ ကျနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ကီးအပါအဝင် ထည့်ပေးထားပါတယ်။

Mozilla Firefox နှင့် IE Internet Explore တွင် မြန်မာစာ ရှင်းရှင်းလင်းလင်း မြင်ရစေရန်...

          မော်ဇီလာတွင် မြန်မာလို မပေါ်ပါက Tool > Options > Content > Default font နေရာတွင် ဇော်ဂျီဝမ်း ကိုပြောင်းပေးပါ။ အကယ်၍ မပေါ်လာသေးဘူးဆိုလျှင်... Advance ကိုနှိပ်ပြီး Zawgyi One ကို ရွေးပေးပါ။ ထိုနောက် Default Character Encoding တွင် Unicode (UTF-8) ကိုရွေးပါ။
           Internet Explore တွင် မြန်မာလို မပေါ်ပါက... အောက်ပါ ကုဒ်ကလေးများကို ကော်ပီကူးယူလိုက်ပါ။ ထို့နောက် Notepad ဖြင့် သိမ်းပါ။ System C တွင် သိမ်းပါ။ အချို့သော ကွန်ပြူတာများတွင် စီထဲတွင် သိမ်းမရပါက Desktop ပေါ့်တွင် သိမ်းပါ။ ထိုသို့ သိမ်းရာတွင် ie.bat ဟုအမည်ပေးပြီး သိမ်းပါ။

body
{
font-family:Zawgyi-one;
}


input, select , textarea
{
font-family:Zawgyi-one;
}

Tuesday 19 June 2012

သင်ဖွင့်နေသော သီချင်းကို စာတမ်းအော်တို ထိုးစေဖို့

သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်လျှင် စာသားပါ မြင်ရပါက အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ အလွတ်လိုက်ဆိုရန်အတွက်လည်း အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် အင်္ဂလိပ်သီချင်းများကို အင်္ဂလိပ်စာ လေ့လာသူများအတွက် သီချင်းနားထောင်ရင်း လေ့လာနိုင်ပါတယ်။ အချို့သော မြန်မာသီချင်းများကိုလည်း စာတမ်းထိုးပေးပါတယ်။ သို့သော် တစ်ခု ရှိသည်မှာ... သင်ဖွင့်နေသော သီချင်းဟာ မူရင်းအမည်အတိုင်း ရှိနေဖို့လိုပါတယ်။ တစ်စုံတစ်ယောက်က သီချင်းအမည်ကို ပြောင်းထားပါက ၄င်းသီချင်း၏ ခေါင်းစဉ်ကို ရှာတွေ့မည် မဟုတ်ပါ။ လိုအပ်ပါက မိမိကွန်ပြူတာတွင် အင်စတော့ လုပ်ထားသော ပလေယာပေါ်မူတည်ပြီး ဒေါင်းလုပ် ရယူပါ။ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။ ၂၂၀ ကီလိုဗိုက်ပဲ ရှိပါတယ်။  ဒီနေရာကို နှိပ်ပြီး ရွေးခြယ်ပါ။ အဲ အရေးအကြီးဆုံး တစ်ခုက သင့်ကွန်ပြူတာဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့လည်း လိုအပ်ပါတယ်။

အင်တာနက် စာမျက်နှာများအား မြန်မာလို ရှင်းရှင်းလင်းလင်း ဖတ်ရအောင်

အကယ်၍ သင်ဟာ Google Chrome ကို သုံးပြီး ဖတ်မယ်ဆိုရင် အချို့အချို့သော အင်တာနက် စာမျက်နှာများ (ဇော်ဂျီဖြင့် ရေးသားထားသော) ကို ကြည့်လျှင် မြန်မာ အက္ခရာများဟာ ပေါက်ကရ ဖြစ်နေပါလိမ့်မယ်။ ထိုသို့သော အခြေအနေအတွက် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ။ ပုံအတိုင်း လုပ်ဆောင်ကြည့်ပါ။ ၄င်းမှ Setting ထဲကို သွားလိုက်ပါ။ အောက်ဆုံးမှာ ရှိသော Show Advance setting ကို ထပ်နှိပ်ပါ။ Web Content တွင် Customize Fonts ကို ထပ်နှိပ်ပါ။ ပေါ်နေသော ဖောင့်များ အားလုံးကို ဇော်ဂျီဝမ်းကို ပြောင်းပေးပါ။ Encoding တွင် Unicode (UTF-8) ကိုရွေးပါ။ ဒါဆိုလျှင် အဆင်ပြေပါပြီ။ နောက်ဆုံးအနေနဲ့ ဒီလင့်ကလေးကို နှိပ်ပြီး ဇော်ဂျီနှင့် ရေးထားသည်များ အားလုံးကို မြင်ရဖို့ ဇော်ဂျီ Add on ကို နှိပ်လိုက်ပါ။ Google Chrome အင်စတော လုပ်ထားပြီး ၄င်းကို သုံးရင်းနှင့် ဒီလင့်ကလေး ကိုနှိပ်လိုက်ပါ။

Saturday 16 June 2012

တွဲဖက်မစားသင့်သော အစားအစာများ

မယုံကြည်က လက်တွေ့ စမ်းသပ်နိုင်ပါတယ်။
 ကကတစ် နှင့် ကြာဟင်းရွက် (သေ)
    ထုံး၊ ဥသျှစ်သီး နှင့် ပျားရည် (သေ)
    သပြေသီး နှင့် ထန်းလျက် (သေ)
    နလင်ကျော် နှင့် ထန်းလျက် (သေ)
    ဆိုဒါ နှင့် ၉ ပါးဆေး (သေ)
    ဘာမီတွန် နှင့် တစ်ဖီ (အစိမ်းကဒ်) (သေ)
    ပီလောပီနံဥ နှင့် ပဲကြားလှော် (သေ)
    ပီလောပီနံဥ နှင့် မျှစ်ချဉ် (သေ)
    ဂျယ်လီ နှင့် ကော်ဖီမစ် (သေ)

AngerBird for your Phone

Nokia ဖုန်းထဲတွင်တော့ အသုံးပြုလို့ ရတာ တွေ့ရပါတယ်။ သင်ကိုင်ဆောင်တဲ့ ဖုန်းထဲမှာတော့ သုံးလို့ ရမရတော့ ကျနော်လည်း မသိပါ။ စမ်းသပ်လိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ 

Friday 15 June 2012

Nero 11 Portable

အခွေများကို ကူးရင် ဘန်းရန်(မိမိပြုလုပ်ထားသော ဗွီဒီယို ဗွီစီဒီ) ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။
လိုအပ်ပါက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

ဖိုင်တွေကို ချုံ့မယ်၊ ပိုင်းဖြတ်မယ်၊ ပြန်ပေါင်းထုပ်မယ်

တော်တော်များများကတော့ သိကြပြီး ဖြစ်ပါလိမ့်မယ်။ အထက်က ခေါင်းစဉ်နဲ့ပတ်သက်လို့ပေါ့။ ဟိုတစ်ရက်က သူငယ်ချင်းတစ်ယောက်ကြောင့် ဒီစာကို ရေးဖြစ်တာပါ။ ဖိုင်တွေကို ပိုင်းဖြတ်ဖို့၊ ပြန်ပေါင်းဖို့ အတွက် Win rar ဆိုတဲ့ ဆော့ဝဲလေး လိုပါတယ်။ သင့်စက်မှာ မရှိသေးက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။  အင်စတော လုပ်ပြီးလျှင် ကျမ်းစာအုပ်လေး သုံးအုပ် စီထားသလိုမျိုးတွေ့ရပါမယ်။

၎င်းဆော့ဝဲလ်ရဲ့ အလုပ်လုပ်ပုံကို အောက်မှာ အသေးစိတ် ရှင်းပြထားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားများအနေနှင့် အင်တာနက်ကို အသုံးပြုကြရာတွင် ဂျီတော့၊ ဂျီမေးကို အသုံးများပါတယ်။ ဂျီမေးအနေနဲ့ ဖိုင်တွေကို ပို့မယ်ဆိုရင် ၂၅ မီဂါဗိုက်ဟာ အမြင့်ဆုံး လက်ခံပို့ပေးတဲ့ ပမာဏပါ။ ၄င်းထက် ပိုနေသော ဖိုင်တွေကို ပို့ကြမယ် ဆိုပါစို့။ ဥပမာ.. သင့်အနေနဲ့ ၆၀ မီဂါဗိုက်ရှိသော ဗွီဒီယိုဖိုင်တစ်ခုကို ပို့မယ်ဆိုလျှင် ဖိုင်တွေကို ခွဲရပါလိမ့်မယ်။ သင်ခွဲလိုသောဖိုင်ကို ခွဲလိုက်ပါက ဖိုင်ဆိုဒ်အနေဖြင့်လည်း ၁၅ မီဂါဗိုက်မှ ၁၂ မီဂါဗိုက်လောက်အထိ ချုံ့ပေးပါတယ်။

Monday 11 June 2012

ဘာကြောင့်မှားဖျက်ဖျက် ၃၅၀ ဂစ်အထိ ပြန်ဖော်ပေးမဲ့ iCare

ကျနော်တို့လက်ရှိသုံးနေတဲ့ ကွန်ပြူတာနဲ့ပတ်သက်သော စက်စပ်ပစ္စည်းတွေဖြစ်ကြတဲ့ Memory Strick, External Harddisk, Partition C, D ထဲက မှားဖျက်မိတဲ Data များအားလုံးကို ပြန်လည် Recovery လုပ်လို့ ရပါတယ်။ ဖိုင်းဆိုဒ်ငယ်ငယ်နဲ့ တန်ဖိုးရှိသော ဆော့ဝဲပါ။ လိုအပ်ပါက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။