Benner

Tuesday 29 May 2012

aTube_Catcher

Youtube တွင် တင်ထားသော သီချင်းဖိုင်များကို ဒေါင်းလုပ် လုပ်ရာတွင် မိမိစိတ်ကြိုက် ဖော်မက်ဖြင့် ဒေါင်းလုပ် လုပ်ယူသော နေရာတွင် အသုံးပြုသည်။ ဖော်မက် မြောက်များစွာဖြင့် သင်တွေ့ရှိနိုင်သည်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Adobe Photoshop CS3 Portable

CS6 Portable နောက်ဆုံးပေါ်ကို တင်ထားပါလျှက်နှင့် CS3 လေးတင်ပေးပါလို့ ပရောလာတဲ့ ဆိုဒ်တွေမှ ကိုဇော်ဇော်မင်းအတွက်...
လူကြီးမင်းများလည်း လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ၅၄ မီဂါဗိုက်ပဲ ရှိပါတယ်။ ပေါ့ပေါ့ပါးပါးပဲလို့တော့ ကော်ကောင်းတဲ့ လူတွေက ပြောပါလိမ့်မယ်။ ကော်မကောင်းသူများကတော့ ၅ မီဂါဗိုက်လည်း ၂နာရီလောက် မြန်မာပြည်မှာ စောင့်ခဲ့ဘူးတယ်။ အကယ်၍ Full Software ရှိပြီးသားကို Activate လုပ်ဖို့ပဲ လိုတယ်ဆိုရင်တော့ CS3 Crack File ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ အခုဟာက ခရက်ဖိုင်ပါ။ အထက်ကဟာက ပိုတေးတိုး အာလူးပါ။

Adobe Photoshop CS3 Portable

CS6 Portable နောက်ဆုံးပေါ်ကို တင်ထားပါလျှက်နှင့် CS3 လေးတင်ပေးပါလို့ ပရောလာတဲ့ ဆိုဒ်တွေမှ ကိုဇော်ဇော်မင်းအတွက်...
လူကြီးမင်းများလည်း လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ၅၄ မီဂါဗိုက်ပဲ ရှိပါတယ်။ ပေါ့ပေါ့ပါးပါးပဲလို့တော့ ကော်ကောင်းတဲ့ လူတွေက ပြောပါလိမ့်မယ်။ ကော်မကောင်းသူများကတော့ ၅ မီဂါဗိုက်လည်း ၂နာရီလောက် မြန်မာပြည်မှာ စောင့်ခဲ့ဘူးတယ်။ အကယ်၍ Full Software ရှိပြီးသားကို Activate လုပ်ဖို့ပဲ လိုတယ်ဆိုရင်တော့ CS3 Crack File ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ အခုဟာက ခရက်ဖိုင်ပါ။ အထက်ကဟာက ပိုတေးတိုး အာလူးပါ။

Thursday 24 May 2012

မိန်းကလေးများရဲ့ ယှဉ်ပြိုင်မှု့


နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး
အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

Wednesday 23 May 2012

Tera Copy any Files (Very fast)

Copy ကူးတဲ့နေရာမှာ မြန်လိုက်ပုံကတော့ ဇာတ်ကား (ဒီဗွီဒီ) ၁၂ ကားလောက်ကို ၁ မိနစ်အတွင်း အပြီးကူးသွားပါတယ်။ မိမိစက်မှာ အင်စတော လုပ်ပါ။ မည်သည့် ကီးမှ မလိုပါ။ ကူးတော့မယ်ဆိုလျှင် ကူးလိုသော ဖိုင်ကို Select ပေးပြီး Right Click နှိပ်လိုက်လျှင် Tercopy ကို ရွေးပြီး ကူးပြီး ထားလိုသော နေရာကို Browse လုပ်ပြီး ကူးနိုင်ပါတယ်။ ပုံမှန်အရ ဇာတ်ကား ၁၂ ကားလောက် ကူးလျှင် ၅ မိနစ်မှ ၁၅ မိနစ်အတွင်း ကြာနိုင်ပါတယ်။ မိမိစက် လေးနေသည်ဖြစ်စေ.. မြန်လွန်းနေသည်ဖြစ်စေ.. အနည်းဆုံးတော့ ၅ မိနစ်လောက် ကြာပါလိမ့်မယ်။ အခုဆော့ဝဲကို သုံးလိုက်ပါက သိသာစွာ မြန်စေကြောင်း...
လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။
သစ်ယာအိုက်

Monday 21 May 2012

Internet Speed Up 200%

အင်တာနက်၏ စပိကို အဆ နှစ်ရာတက်စေတယ်လို့ ရေးထားပါတယ်။ စမ်းသုံးကြည့်ပါ။ ပြောသလောက် မဟုတ်လင့်ကစား အတော်အသင့်တော့ တက်လာတာကို တွေ့ရပါတယ်။
လိုအပ်ပါက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။
အဆင်ပြေပါစေ။
သစ်ယာအိုက်

Sunday 20 May 2012

To Watch football Match or any sport from Internet

                မသိသေးသောသူများအားလုံးအတွက် ရည်ရွယ်ပါတယ်။ အင်တာနက် စပိကောင်းပါတယ်ဆိုရင် ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ၊ ဘိလိယက်ပွဲ...စသည်ဖြင့် အားကစားပွဲပေါင်းစုံကို အင်တာနက်မှ တိုက်ရိုက် ကြည့်နိုင်ပါတယ်။ ကော်နက်ရှင် အမျိုးအစားက အရမ်း..အရမ်းကြီး မဟုတ်တောင် အလယ်အလတ်လောက်ဆိုလျှင် ကြည့်လို့ ရပါတယ်။ ဒီလင့်ကလေးကို သွားလိုက်ပါ။ ပြီးလျှင် ကိုနှစ်သစ်ရာ ပွဲကို ရွေးခြယ်ပါ။ နှစ်သက်ရာပွဲဟူသည်..ဘောပွဲ၊ တင်းနက်ပွဲ.. စသည်ဖြင့် ထုတ်လွင့်သော လိုင်းပေါင်း မြောက်များစွာကို သင်တွေ့ရပါလိမ့်မယ်။ ၄င်းတို့ထဲမှာ ကျနော့် အတွေ့အကြုံအရ.. Ilive သည် ကြည်လင်ပြတ်သားမှု့ အကောင်းဆုံးနှင့် ကျသွားလျှင် အော်တို ချက်ချင်း ပြန်ခေါ်ပေးပါတယ်။ မိမိအိမ်ရှိ တီဗွီမှ ကြည့်ရသလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။ ကဲ.. ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ တီဗွီလိုင်းက မလွင့်ခဲ့ရင်တောင် ကျနော်များ ဘောပွဲ..အားကစားပွဲ တစ်ခုခုကို ၂၄ နာရီ ကြည့်လို့ရပါတယ်။ အဆင်ပြေပါစေ။
သစ်ယာအိုက်

Friday 18 May 2012

ကမ္ဘာပေါ်မှာ အင်တာနက် ကွန်နက်ရှင်အမြန်ဆုံး နိုင်ငံများ

        အင်တာနက် အသုံးပြုရင်း ကော်နက်ရှင် စပိနည်းတာနဲ့ ကျကျသွားရတာနဲ့ လူတော်တော်များများ စိတ်ပျက်ကြဖူးပါလိမ့်မယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဗဟုသုတ အနေနဲ့ ကမ္ဘာပေါ်မှာ အင်တာနက် ကွန်နက်ရှင်အမြန်ဆုံး နိုင်ငံများကို ကွန်ပြူတာ ဂျာနယ်မှာ ဖတ်မိရာမှ ....

အိုင်ဖုန်းများနှင့် ကခုန်လိုခြင်း

ယနေ့ပေါ်နေသော ဖုန်းများနှင့် အသုံးပြုပုံ၊ ဂိမ်းများ ဖုန်းအတွင်း ထည့်ပုံ၊ မြန်မာ လို မိမိဖုန်းတွင် မြင်ရအောင် ထည့်သွင်း အသုံးပြုနည်းများကို ဖော်ပြထားပါတယ်။ ကိုရင်ဖြိုးကျော် အဆင်ပြေပါစေ...
ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

Advance Internet User

အင်တာနက် အဆင့်မြင့် အသုံးပြုသူ တစ်ယောက်အနေဖြင့် သိထားသင့်သည်များ၊ ဝက်ဆိုဒ်များမှ မိမိလိုအပ်သည်များကို ရှာဖွေစုဆောင်းနည်းများနှင့် အများအားဖြင့် ဘလော့တစ်ခုတည်ဆောက်ခြင်းများပါ ရေးသားထားပါတယ်။
ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။ ကီးကီး (minus.com) မှ ပြန်လည် မျှဝေပါသည်။
သစ်ယာအိုက်

Thursday 17 May 2012

Notepad ဖြင့် Save ပြုလုပ်ခြင်း

မသိသေးသော သူများအတွက် ရည်ရွယ်ပါတယ်။ ကျနော်လည်း ပြသနာ ဖြစ်နေတာတော့ ကြာပါပြီ။ အခုမှဘဲ တွေ့ပါတော့တယ်။ ဘာကြောင့်ဆိုတာကိုပေါ့။ တခါတရံများတွင် ကျနော်တို့ဟာ နှစ်သက်မိတဲ့ စာသားလေးတွေကို Notepad နဲ့ Save ပြုလုပ်ကြပါတယ်။ ၄င်းစာသားများဟာ အများအားဖြင့် မြန်မာလိုနှင့် အင်္ဂလိပ်လို ရောနေလျှင်သောလည်းကောင်း..ရောရော..မရောရောပေါ့။ တခါတရံများ ဆေ့ ပြုလုပ်လျှင် Error တစ်ခု တက်လာလေ့ ရှိပါတယ်။ အထက်က ပုံလိုမျိုးပေါ့။ အိုကေကို နှိပ်ပြီး Save ပြုလုပ်လိုက်သည် ဆိုကြပါစို့။ ပြန်ဖွင့်ကြည့်သောအခါတွင် မြန်မာစာ အားလုံးသည် အတုံးကလေးများသာ မြင်ရပါတော့တယ်။ အင်္ဂလိပ်စာသား လောက်ပဲ မြင်ရလေ့ရှိပါတယ်။

ဓာတ်ပုံ သေးသေးလေးများကို ပုံကြီး ချဲ့ရာတွင် အရည်အသွေး ကျမသွားသော ဆော့ဝဲလ်

မိမိ၏ ဖုန်းနှင့် ရိုက်ထားပြီး ဖုန်းထဲတွင် ကြည်လင်ပြတ်သားစွာ မြင်ရလင့်ကစား ဓာတ်ပုံအဖြစ် ပရင့်ထုတ်သောအခါ ရီဆိုလူးရှင်း ကျသွားသည်များကို တွေ့ဖူးကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ယခု ဆော့ဝဲလ်ကလေးက သေးနေသော ပုံများကို ပုံကြီးချဲ့ရာတွင် ရီဆိုလူးရှင်း ကျမသွားအောင် ထိန်းပေးပါတယ်။ 
ပထမဦးစွာ အင်စတောလုပ်ပါ။ ခရက်ဖိုင်ကို ရမ်းလိုက်ပါ အဆင်ပြေပါလိမ့်မည်။ အကယ်၍ ခရက်ဖိုင် မဖြေတတ်ခဲ့လျှင်... အင်တာနက် ကော်နက်ရှင်ကို လုံးဝ ပိတ်ထားပြီး ဖိုင်ထဲတွင် ပေးထားသော.. အန်လေ့ကုဒ် ကို ထည့်ပါ။ အမည်နှင့် အီးမေးလိပ်စာကို အထဲတွင် ပါသည့်အတိုင်း ဖြည့်လိုက်ပါ။
ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

Tuesday 15 May 2012

လက်ရှိအသက်အရွယ်အထိ ဖတ်လာခဲ့သော ဝတ္ထုများထဲတွင် အကောင်းဆုံး စာအုပ်

          ကျနော်ဖတ်ဖူးသော စာအုပ်များတွင် ယခု စာအုပ်သည် စွဲဆောင်မှု့ အရှိဆုံးနှင့် အကောင်းဆုံးလို့၊ အနှစ်သက်ဆုံးစာအုပ်တွေထဲက တစ်အုပ်လို့ ညွှန်းချင်ပါတယ်။ ဝတ္ထု တော်တော်များများတွင် ဇာတ်လိုက်ဟာ တစ်ယောက်ထဲ ဖြစ်လေ့ရှိပြီး ဇာတ်လိုက် အမျိုးသားနဲ့ အမျိုးသမီး ဒါလောက်ပဲ ရှိပါတယ်။ သို့သော် ယခုဝတ္ထုကို ဖတ်ကြည့်၍ ပြီးသွားသောအခါ.. အားလုံးဟာ ဇာတ်လိုက်နဲ့ အားလုံးဟာ...
ဇာတ်လမ်းကတော့ ပြည့်တန်ဆာ တစ်ယောက်ရဲ့ အမည်ကို ယူထားပြီး စာရေးဆရာ ပါရဂူက ဘာသာပြန်ဆိုထားတာပါ။ စာဖတ်သူ ပရိတ်သတ် အပေါင်းတို့ရဲ့ ရာစုနှစ်၏ အကောင်းဆုံးလို့ ရွေးခြယ်ထားတဲ့ စာအုပ်ပါ။ ဆိပ်ငြိမ် အေးချမ်းစွာဖြင့် တရားအားထုတ်နေသော သူတော်ကောင်း + ပြည့်တန်ဆာမ + မြို့ပိုင်မင်း + အမှန်ကို လိုလားသူ တစ်ဦး စသည်တို့ဖြင့် တန်ဆာဆင်ထားပါတယ်။
ဖတ်ရှူ့လိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

သစ်ယာအိုက်

Monday 14 May 2012

ဗုဒ္ဓဘာသာ နှင့် ရုပ်ဆင်းတုကိုးကွယ်ခြင်း

     ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား...?
ကိုးကွယ်နေလို့ကောအကျိုးရှိပါ့မလား...?
ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ကောအကျိုးရှိမှာလဲ...?
ဒါတွေက အနောက်နိုင်ငံသားတွေဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
       ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့

Sunday 13 May 2012

ဟာသသည်.. ရယ်ရ၏


“၀က်နဲ့ယောက်င်္ကျား ဘာခြားသလဲ”
“အရက်မူးတဲ့အခါ ၀က်ဟာ ဘယ်တော့မှ ယောက်င်္ကျား
တစ်ယောက်အသွင်ပြောင်းမသွားဘူး”
                         --------------------------------------
“မိန်းမတွေဟာ ဘာဖြစ်လို့ ယောက်င်္ကျားတွေထက် အသက်ပိုရှည်
ကြတာလဲဟင်”
         “ဆေးသုတ်ထားတဲ့ပစ္စည်းဟာ အမြဲတမ်းပိုခံတယ်လေ”
                         -----------------------------------------

“မင်္ဂလာဦးညမှာ အိပ်ယာခင်းမပေအောင် ဘာလုပ်ရမလဲ”
          ခြေတောက် ကိုကောင်းကောင်းဆေး”

Myanmr Virus

              ကျနော်တို့ အမိမြန်မာပြည်မှ ထုတ်လုပ်သော မြန်မာပြည်ဖြစ် ဗိုင်းရပ်များကိုလည်း လူကြီးမင်း သွား၍ အထင်မသေးပါနှင့်။ ပြဿနာ တက်၍ ဝင်းဒိုး ချလိုက်ရသူတွေ၊ ရှိသမျှ ဒယ်တာတွေ ကုန်သွားသူတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ၄င်းဗိုင်းရပ်များနှင့် နပုန်းလုံးခဲ့ရဘူးပါတယ်။

ကျနော်နဲ့ ကျနော့် အမေ



အမေများနေ့ကို ရည်ရွယ်ရင်းနဲ့ ကျနော့် အမေကို သတိရစွာဖြင့် ဒီစာကို ရေးလိုက်တာပါ။ ကျနော်တို့မိသားစု ဘဝက ဟိုး ငယ်ငယ်တုန်းက တော်တော်ကို ဆင်းရဲခဲ့တာဗျ။ အမေ့ရဲ့ ကြိုးစားမှု့ အမေ့ရဲ့ တွန်းအားပေးမှု့ကြောင့်သာ မဟုတ်ခဲ့ရင် ကျနော့်ဘဝ နဲ့ ကျနော်တို့ မိသားစု ဘဝဟာ အခုအခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိရှိသမျှ မိခင်တိုင်းဟာ ကျနော့် အမေလို စိတ်ထားမျိုး သားသမီးတိုင်းအပေါ်မှာ ချစ်ကြတာ မှန်ပေမဲ့ တွန်းအားပေးမှု့နဲ့ နည်းလမ်းပြမှု့မှာတော့ ကျနော့် စိတ် အထင်ဖြင့် ကျနော့်အမေဟာ ကျနော့်ဘဝကို တော်တော်လေးကို ပြောင်းလဲ စေခဲ့တဲ့ သူပါ။ လူတစ်ယောက်ရဲ့ ကြီးပွား တိုးတက် အောင်မြင်ဖို့အတွက် မိခင်တွေဟာ တော်တော်လေးကို အဓိက ကျပြီး တော်တော်လေးကို ရင်ဖြင့် ရင်းခဲ့ရမည်ကို တွေးကြည့်လျှင် သိနိုင်ပါတယ်။ အခြားမိခင်များကိုလည်း ကျနော့်အမေလို မျိုး စိတ်ဓာတ်ခွန်အား၊ တွန်းအားများ ပေးနိုင်ကြစေဖို့ ရည်ရွယ်ရင်းဖြင့်.....

Sunday 6 May 2012

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ.....

အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေလိုက်ရပါသည်။
မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

နှစ်သက်မိသော မိန်းကလေးများနှင့် ပတ်သက်သော အကြောင်းအရာများ



၁ ။ အသက် (၂၀) အရွယ်မျိုးမှာ ဘောလုံးနဲ့ တူပါတယ်။ (သူလု၊ ကိုယ်လု)
၂ ။ အသက် (၃၀) အရွယ်မျိုးမှာတော့ ဘော်လီဘောနဲ့ တူပြန်ပါတယ်။ (သူပုတ်ထုတ်၊ ကိုယ်ပုတ်ထုတ်)
၃ ။ အသက် (၃၅ - ၄၀) အရွယ်ကျပြန်တော့ တင်းနစ်ဘောလုံးနဲ့ တူတယ်။ (သူရိုက်ထုတ်၊ ကိုယ်ရိုက်ထုတ်)
၎ ။ အသက် (၄၅ - ၅၀) အရွယ်လည်းရောက်ရေ ဂေါက်သီးနဲ့ သွားတူပါတယ်။ (ဝေးဝေးရောက်လေ ကောင်းလေ..အပြင်း ရိုက်ထုတ်)

Friday 4 May 2012

Fake Processor

ကွန်ပြူတာ တစ်လုံးရဲက အလုပ် လုပ်နိုင်စွမ်းအားကို Processor များကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ ပြောနိုင်ကြပါတယ်။ အခုခေါင်းစဉ်ကတော့ လက်ရှိ မိမိကွန်ပြူတာမှာ ရှိနေတဲ့ Processor ကို ထင်ယောင် ထင်မှားနဲ့ ကိုယ့်ဘာသာ ပြောင်းလဲပေးတဲ့ နည်းတစ်ခုပါ။ မိမိ ကွန်ပြူတာမှာ ရှိနေတဲ့ Processor ကို သိလိုက Desktop ပေါ်တွင် ရှိနေသော Computer အိုင်ကွန်ကို R click >>Properties ကို သွားကြည့်လျှင် သိနိုင်ပါတယ်။ သို့တည်းမဟုတ် Win Key + R ကိုနှိပ်ပြီး Run Box တွင် dxdiag လို့ ရိုက်ထည့်ပြီး အင်းတား ခေါက်လျှင်လည်း သိနိုင်ပါတယ်။ သို့တည်းမဟုတ် Start menu>> All Programs>> Accessories >> System Tools>> System information ကို နှိပ်ကြည့်ခြင်းဖြင့်လည်း သိနိုင်ပါတယ်။ ဘယ်လိုပဲ ကြည့်ကြည့် မိမိ ကွန်ပြူတာမှာ ရှိနေတဲ့ Processor ကို တန်ဖိုး ပြောင်းလဲလိုပါက အောက်ပါအတိုင်း လုပ်ကြည့်ပါ။

Thursday 3 May 2012

Windows 8 အကြောင်း သိကောင်းစရာများ

Windows 8 အကြောင်း သိကောင်းစရာများကို အသေးစိတ်ကြီးမဟုတ်တောင်မှ တော်တော်လေး စုံစုံလင်လင် မြန်မာလိုရှင်းပြထားတာပါ။ ကျနော်လည်း မသုံးဖူးသေးပါဘူး။ မသုံးဖူးသေးသူချင်း အတူတူ လေ့လာ ဖတ်ရှု့လိုက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

သစ်ယာအိုက်

Change Windows by softwares!!!

No Kyegen, No patch, No Crack. If you don't want anymore, Just uninstall it. It will be Okay like before.
To Change Windows XP To Windows 7
Click here to download it.
Click here to download it. (another link)
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

Windows XP To Windows Vista,,,,,
Click here to download it.
Enjoy with it

သစ်ယာအိုက်